NUG အကြမ်းဖက်အဖွဲ့ဝင်များ ကြမ္မာငင်မည့်အချိန် ရောက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့ဝင်များ ကြမ္မာငင်မည့်အချိန် ရောက်ပြီ



အမေရိကန်ဟာ မြန်မာနိုင်ငံမှာ သူ့သြဇာခံအစိုးရတစ်ရပ် ရှိနေစေဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ တိုင်းပြည်တစ်ခုကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းရာမှာ ဘက်ပေါင်းစုံကနေ မဟာဗျူဟာမြောက် ချည်းကပ်တယ်လို့ ပြောရင်လည်း ရနိုင်ပါတယ်။ အထူးအားဖြင့် အများပြည်သူ လေးစားတန်ကောင်းရဲ့ ဆိုသူတွေကို ချည်းကပ်တာပါပဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးနယ်ပယ်မှာဆိုရင် NLD ပါတီကို ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ အများပြည်သူ လေးစားချစ်ခင်သူ ဖြစ်တဲ့အတွက် အာဏာရနိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အာဏာရနိုင်တဲ့ အဖွဲ့အစည်းကို ချည်းကပ်မှသာ သူချုပ်ကိုင်လို့ရမယ်။ 

ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံတဲ့ အင်အားစုတွေကိုလည်း တစ်ဖက်လှည့်နည်းနဲ့ ချည်းပါတယ်။ အရပ်ဘက်အဖွဲ့အစည်းကို အစိုးရအနေနဲ့ ချည်းကပ်ခြင်းမဟုတ်ဘဲ ဂျော့ဆိုးရော့စ်ကဲ့သို့သော တိုင်းဖျက်ပြည်ဖျက် လုပ်တတ်သူနဲ့ သိမ်းသွင်းပါတယ်။ ၈၈ ကျောင်းသားအိုကြီးများဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတဲ့ အဓိကအင်အားစုပဲ ဖြစ်ပါတယ်။ ၈၈ကျောင်းသားအိုကြီးများအဖွဲ့ကို ဂျော့ဆိုးရော့စ်ရဲ့ ပံ့ပိုးမှုနဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း လို့ ပြောင်းလဲပေးသွားခဲ့ပါတယ်။

နိုင်ငံရေးသမားများမှာ အခြေခံအားဖြင့်တော့ အမျိုးသားရေးစိတ်ဓာတ် ရှိတယ်။ အများပြည်သူကို ကောင်းကျိုးဖြစ်စေချင်တဲ့ စိတ်ဆန္ဒမျိုး ရှိတယ်။ သို့ပေသော် ဆင်းရဲမွဲတေလွန်းတဲ့ နိုင်ငံရေးသမားများမှာ ငွေငတ်တဲ့ ပြဿနာရှိတယ်။ ငွေငတ်နေတဲ့ နိုင်ငံရေးသမားတွေကို ငွေကြေးပုံအောပေးပြီး သိမ်းသွင်းတဲ့အခါကြတော့ သူတို့ရဲ့ အခြေခံ အမျိုးသားရေးစိတ်ဓာတ်က ပျက်ပြားသွားတယ်။ အမေရိကန်အလိုကျ လိုက်ပါလုပ်ဆောင်သူတွေ ဖြစ်လာတယ်။ 

ဘာသာရေးကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားစော်ကားတဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာကြတယ်။ အများပြည်သူကို မှားယွင်းတဲ့ နိုင်ငံရေးအတွေးအခေါ်တွေ သွပ်သွင်းပြီး အရိုင်းစိတ်သွင်းလာတယ်။ ငွေငတ်တဲ့ နိုင်ငံရေးသမားတွေက တိုင်းတပါးအစိုးရရဲ့ သြဇာခံဖြစ်လာတယ်။ ပြောတိုင်းယုံတတ်တဲ့ ပြည်သူတွေကလည်း နိုင်ငံရေးသမားတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်အပေါ်မှာ ဝေဖန်ပိုင်ခြားနိုင်စွမ်း မရှိဘူး။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကလည်း အမြင့်ဆုံးအနေအထားကို ရောက်လာခဲ့တယ်။ 

NLD ပါတီကို ဦးဆောင်သူများအနေနဲ့က သူတို့ ဘယ်လိုပင် ပေါက်ကရလုပ်နေပါစေ မသိနားမလည်ဘဲ ထောက်ခံအားပေးတဲ့ နီပိန်းအင်အားစုက အားကောင်းမောင်းသန် ဖြစ်နေလေတော့ နိုင်ငံရေးမာန်တက်နေကြသူတွေ ဖြစ်တယ်။ လုပ်ချင်ရာလုပ် ဖြစ်တယ်လို့ နားထင်သွေးရောက် ဖြစ်လာကြတယ်။ 

အဲဒီလို နိုင်ငံရေးမာန်တက်ပြီး လုပ်ချင်ရာလုပ်လို့ရတယ်လို့ အထင်ရောက်ပြီး ကိုဗစ်အကြပ်အတည်းကို အခွင့်ကောင်းယူပြီး မဲလိမ် မဲခိုးမှုတွေ ကျူးလွန်ခဲ့ကြတယ်။ နိုင်ငံရေးမာန်တက်ပြီး အောက်ခြေလွတ်နေတဲ့ အချိန်မှာ ရုတ်တရက် ရိုက်ချခံလိုက်ရပြီး လမ်းဘေးရောက်သွားတယ်။ ထင်မှတ်မထားတဲ့ အခြေအနေမျိုး ရင်ဆိုင်လိုက်ရတဲ့ အခါ မာန်တက်နေတဲ့ ဘဝကနေ ရူးသွပ်သွားကြတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာလည်း ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြသလို အာဏာလက်မဲ့ဖြစ်၊ ထိုင်ခုံမဲ့ ဘဝကို ရောက်သွားပြီးဆိုတော့ မစားရတဲ့အမဲ သဲနဲ့ ပက်မယ်ဆိုတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်က ပေါ်လာတော့တယ်။

အမေရိကန်အစိုးရအတွက်လည်း သြဇာခံအစိုးရတစ်ရပ် ရဖို့ အနှစ်နှစ်အလလ ရင်းနှီးမြှုပ်နှံခဲ့ရတာဖြစ်တဲ့အတွက် အဆုံးမခံနိုင်ဘူး။ မစားရတဲ့ အမဲသဲနဲ့ ပတ်ရတော့မှာပဲ။ အဲဒီတော့ သူရဲ့ သြဇာခံ NLD ဦးဆောင်သူတွေကို တရားမဝင် အဖွဲ့အစည်းတွေ ဖွဲ့စည်းခိုင်းတယ်။ တရားမဝင် အဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး ကာကွယ်ပေးတယ်။ အကြမ်းဖက်လှုပ်ရှားမှုဆီကို တဖြည်းဖြည်းချင်း စွဲတင်တယ်။ တကယ်တော့ ၈၈ ပွင့်လင်း က မင်းကိုနိုင် တို့ ဆိုတာဟာ နိုင်ငံရေးအစွန်းရောက်များ ဖြစ်သည့်အတိုင်အောင် အကြမ်းဖက်ဝါဒီတွေတော့ မဟုတ်ခဲ့ဘူး။ သို့သော် အမေရိကန်ရဲ့ သြဇာခံ လက်ပါးစေ ဘဝကို ရောက်ရှိသွားချိန်မှာ ခိုင်းရင် လုပ်ရတော့မယ်။ ခိုင်းတဲ့အတိုင်း မလုပ်ရင် ငွေကြေးအမြောက်အများ ပုံအောထားတဲ့ အမေရိကန်ရဲ့ စီအိုင်အေ က ရက်စက်တယ်။ လက်စပျောက် လုပ်တတ်တယ်။ မြန်မာပြည်အစိုးရ က ဥပဒေအရ ထောင်ဒဏ်ချမှတ်ပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးထားလိမ့်မယ်။ အမေရိကန်ရဲ့ စီအိုင်အေ က ရက်စက်ပြီဆိုရင် တစ်ဆွေလုံး တစ်မျိုးလုံးကိစ္စတုန်းသွားမှာကို သူတို့ သိတယ်။ အဲဒီအတွက်ကြောင့် အများပြည်သူ အတိဒုက္ခရောက်မယ့် အလုပ်ကို အမေရိကန်ရဲ့ အလိုကျ စုံမှိတ်ပြီး လုပ်ကြတယ်။

အောင်မြင်နိုင်ခြေရှိတယ်ဆိုရင် အကြမ်းဖက်လှုံ့ဆော်သူတွေကို အမေရိကန်အစိုးရက ပြည်ပကို ဘယ်ထွက်ခိုင်းမလဲ။ ဒီအခင်းအကျင်းဟာ အောင်မြင်နိုင်ခြေနည်းတဲ့အတွက်ကြောင့် စဉ်ဆက်မပြတ် အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်နိုင်စေဖို့ တရားမဝင် ဖွဲ့စည်းထားတဲ့ CRPH, NUG မှာ ပါဝင်သူတွေ၊ အကြမ်းဖက်လှုံ့ဆော်မှုကို အဓိက လုပ်ဆောင်နိုင်သူတွေကို ဦးစားပေးပြီး အမေရိကန် အပါအဝင် ဥရောပနိုင်ငံများကို ဖြန့်ခွဲစေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

NLD ဦးဆောင်သူ နီပိန်းကြီးများနဲ့ ၈၈ ပွင့်လင်း က နိုင်ငံရေးလုပ်စားသူများဟာ အမေရိကန်အားကိုးနဲ့ မိုက်လုံးထွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာ လူမျိုးလိမ်အရေးလှုပ်ရှားမှုနဲ့ အိုအိုင်စီ ထံကနေလည်း အထောက်အပံ့တွေ ရနေတော့ သူတို့အတွက် တကယ့်ကို လုပ်သာကိုင်သာ မြန်မာ့မြေဟာ နိုင်ငံရေးနွားတွေအတွက် စားကျက်ကောင်း ဖြစ်ခဲ့ပါတယ်။ နောက်ကွယ်က လက်မဲကြီးတွေရဲ့ ပံ့ပိုးမှုနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။

ပေးဆပ်လိုက်ရတာတော့ မတန်ဘူးပေါ့ဗျာ။ ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေရဲ့ ရက်စက်ယုတ်မာမှုအပေါ်မှာ အစိုးရအနေနဲ့ကလည်း ထိရောက်တဲ့ တုန့်ပြန်မှု မရှိသလို ပြည်သူများကြားမှာလည်း နီပိန်းအကြမ်းဖက်ဝါဒီတွေကို ယှဉ်ပြိုင်ပြီး လက်တုန့်ပြန်လိုစိတ် မရှိကြဘူး။ အဲဒါ အမျိုးသားရေးစိတ်ဓာတ်ကြောင့် ကိုယ့်လူမျိုးအချင်းချင်း မလုပ်ရက် မကိုင်ရက် မသိကျိုးကျွန်ပြုပြီး နီပိန်းအကြမ်းဖက်ဝါဒီတွေ ရက်စက်ယုတ်မာသမျှကို လည်စင်းခံသလို ဖြစ်ခဲ့ရပါတယ်။

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း က တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ မြန်မာနိုင်ငံသားတွေအပေါ် မျက်နှာသာပေးလာတယ်လို့ ဆိုရမလားပဲ။ ရုရှား - ယူကရိန်း စစ်ဖြစ်လာတော့ အမေရိကန် ဟာ မြန်မာပြည်က သူ့ရဲ့ သြဇာခံ အကြမ်းဖက်အဖွဲ့တွေဘက်ကို ဦးစားမပေးနိုင်တော့ဘူး။ ရုရှားကို ပစ်မှတ်ထားပြီး ယူကရိန်းဘက်ကို စစ်လက်နက်၊ ငွေကြေး အလုံးအရင်း ပုံအောလာရတယ်။ ၈၈ ပွင့်လင်းက နိုင်ငံရေးလုပ်စားသူကြီး မင်းကိုနိုင်က ယူကရိန်းကို ပံ့ပိုးနေတဲ့ ပမာဏရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ သူတို့ကို ပံ့ပိုးပါတဲ့။ သူတို့ နိုင်တယ်တဲ့။ မင်းကိုနိုင် အာသီးယောင်လာတာကိုလည်း အမေရိကန် အနေနဲ့ ဂရုမစိုက်နိုင်တော့ပါဘူး။ အဖတ်မလုပ်တော့ပါဘူး။ သူတို့ခိုင်းချင်ရင် မင်းကိုနိုင်တော့ အာသီးယောင်ဖို့ မလိုဘူး။ ငွေလာပုံပေးပြီး ခိုင်းမှာပါ။ သူတို့ မလိုအပ်ရင်တော့ ဘယ်လိုပဲ အာသီးယောင်နေပါစေ။ အဖတ်မလုပ်ပါဘူး။

CRPH, NUG အဖွဲ့ဝင်များနဲ့ မင်းကိုနိုင် ကဲ့သို့သော အကြမ်းဖက်လှုံ့ဆော်သူတွေမှာ အမေရိကန်ဆီက ထင်သလောက် မျှော်မှန်းလို့ မရတော့မှန်း သိလာတော့ ကမ္ဘာပတ်ပြီး ခွက်ခေါက်ရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အခုနောက်ပိုင်း ခွက်ခေါက်သူတွေ အချင်းချင်း အပြန်အလှန် ဆဲဆိုစော်ကားမှုတွေ ပလူပျံလာတယ်။ အောက်ဖဲလှန်လာကြတယ်။ နောက်ဆုံးတော့ NUG အဖွဲ့ဝင် မိုးဇော်ဦး က အလှူငွေမရတော့ရင် တော်လှန်ရေး ရပ်ဖို့ပဲ ရှိတော့တယ်ဆိုတဲ့ စကားက အကြမ်းဖက်လှုံ့ဆော်သူတွေကြားမှာ သိသိသာသာ ဂယက်ထသွားခဲ့ပါတယ်။

အခု ရက်ပိုင်းအတွင်းမှာ ပေါ်ပေါက်လာတဲ့ အစ္စရေး-ပါလက်စတိုင်း စစ်ရေးပဋိပက္ခက အမေရိကန်အားကိုးနဲ့ မိုက်လုံးထွားနေတဲ့ နိုင်ငံရေးလုပ်စားသူ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ ကြမ္မာငင်မယ့် အဖြစ်မျိုးပါ။ မြန်မာနိုင်ငံသားများအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းခဲ့ကြတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ ဟာ သူတို့ကို ထောက်ခံအားပေးတဲ့ ပြည်သူကို အကြမ်းဖက်သမားများအဖြစ် ပုံသွင်းတယ်၊ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်ခိုင်းတယ်။ 

အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခပေါ်ပေါက်လာတဲ့အခါ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ကို ပံ့ပိုးပေးနေတဲ့ အမေရိကန် နဲ့ အိုအိုင်စီ ရဲ့ အခြေအနေဟာလည်း တင်းမာလာနိုင်ပါတယ်။ အိုအိုင်စီ က အစည်းအဝေးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အိုအိုင်စီ က ပါလက်စတိုင်းဘက်က ပြတ်ပြတ်သားသား ရပ်တည်မှာ ဖြစ်သလို အမေရိကန်နဲ့ EU ကလည်း အစ္စရေးဘက်ကပဲ ရပ်တည်မှာ ဖြစ်ပါတယ်။ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခကြောင့် NUG ဆိုတာကို အိုအိုင်စီကလည်း အဖတ်လုပ်နိုင်မှာ မဟုတ်တော့သလို အမေရိကန်နဲ့ အနောက်အုပ်စု ကလည်း လူရာသွင်းနိုင်မှာ မဟုတ်တော့ပါဘူး။

မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို သေကြောင်းကြံခဲ့တဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေဟာ သူတို့ခိုလှုံရာ တိုင်းပြည်များမှာ ခွေးဝဲစားများကဲ့သို့ ရှင်သန်ဖို့ ကြိုးစားရုန်းကန်ရင် ကျူးလွန်ခဲ့တဲ့ အကုသိုလ်အကြောင်းတရားတွေကြောင့် ကြမ္မာငင်ရတဲ့ အခြေအနေမျိုး ရောက်ရှိသွားမှာ မလွဲဧကန်ပါ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

1 comment:

  1. FBမှာshare တာဗျာ လုံးဝ(လုံးဝ)မရဘူးဗျာ။

    ReplyDelete

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)