MNP ၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်းမှ ယနေ့ နံနက် ၈ နာ ရီ အချိန်က ဈေးရပ်ကွက်ရှိ ပဲပဒုံ နှင့် ဇာဒီမော် တို့မှ ရပ်ကွက်နေပြည်သူ များသို့ စားသုံးဆီများအားအိမ်ထောင် စုတစ်စုလျှင် ၅၀ ကျပ်သားစီသက်သာသောဈေးနှုန်းများဖြင့်ရောင်း ချပေးခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား မြို့နယ်စား သုံးသူရေးရာဦးစီး ဌာနမှ ကြီးကြပ်၍ ပြည်သူများသို့ရောင်း ချပေးနေမှုအား မြို့ နယ်စီမံအုပ် ချုပ်ရေးအဖွဲ့နှင့်မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့် ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
အမ်းမြို့၌ မြို့နယ်စားသုံးသူရေးရာဦး စီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည် နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအ သင်းမှစားသုံးဆီများအား စားသုံးဆီ တစ်ပိဿာ လျှင် ၅၂၀၀ ကျပ် နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ငါးဆယ်သားနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဉ်တစ်နေ့လျှင် စားသုံးဆီ ၅၅၀ ပိဿာ နှုန်းဖြင့်ဖြန့်ဖြူးပေးလျက်ရှိ ရာယနေ့ဈေးရပ်ကွက်ရှိ ပဲပဒုံ ၊ ဇာဒီမော်နှင့် မြို့သစ်ရပ်ကွက်တို့မှ အိမ်ထောင်စု ၅၅၀ စုအားဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။
အမ်းမြို့နယ် ၌ မြန်မာနိုင်ငံဆီကုန် သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရရှိသောစား သုံးဆီ ၂၇၅၀ ပိဿာအားနေ့စဉ် ရပ်ကွက်ကျေးရွာများရှိအိမ် ထောင် စု ၅၅၀၀ စုအား စားသုံးဆီများဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment