ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၌ မိုးစပါးရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၌ မိုးစပါးရိတ်သိမ်း


MNP ၊ဒီဇငျဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာတွင် မြို့နယ်စိုက်/ထွေသမဝါယမအသင်းလီမီတက်အသင်းနှင့် စိုက်ပျိုးရေးတောင်သူများ ပူးပေါင်း၍ နိုဝင်ဘာ၂၉ရက်နေ့ နံနက် ၁၀ နာရီက မိုးစပါး ဧက ၃၀၀ခန့် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ မိုးစပါးများ ရိတ်သိမ်းရာနေရာသို့ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သွားရောက်၍ ရွေရင်အေးမိုးစပါး  ဧက ၃၀၀ ခန့် စိုက်ပျိုးထားပြီး ၁ ဧကတင်း ၁၄၀ ထွက်ရှိကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူထားသည့် စိုက်ပျိုးရေးတောင်သူများ စပါးရိတ်သိမ်းခြွေစက်ဖြင့် မိုးစပါးများ ရိတ်သိမ်းနေမှုကို ကြည့်ရှု့အားပေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)