MNP ၊ဇန်နဝါရီ ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ) ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံစားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးနှင့် တာဝန်ရှိသူများက လက်ခံကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်နှင့် စိုက်ခင်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment