MNP ၊ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ကင်းလပ်ကျေးရွာတွင် VDP စီမံကိန်းဖြင့် ဆောင်ရွက်သောကွန်ကရစ်လမ်းသစ်အား
ယမန်နေ့နံနက်(၉)နာရီခွဲက ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က ကင်းလပ်ကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၊ ခရိုင်ဦးစီးမှူး ဒေါ်ရီရီဦး၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် ကင်းလပ်ကျေးရွာ VDPစီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးသန့်စင်ထွန်းတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါကင်းလပ်ကျေးရွာ ကွန်ကရစ်လမ်းသည် အရှည် (၁၂၅၀)ပေ၊ အကျယ်(၁၂ )ပေထု(၆)လက်မဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ်(၁၅)သန်း၊ ပြည်သူလူထုထည့်ဝင်ငွေ (၁၂.၈၃)သန်း စုစုပေါင်း ငွေကျပ်(၂၇.၈၃)သန်းဖြင့်၂၀၂၃ခုနှစ်၊ သြဂုတ်လ(၂၅) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရှိရပြီး ကျေးရွာပြည်သူများအနေဖြင့် ဒေသထုတ်ကုန်များ ယူပို့ဆောင်ရာတွင်လွယ်ကူစေခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ပညာရေး၊ ကျန်းမာရေးလူမှုရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကျေးရွာနေပြည်သူတစ်ဦးဖြစ်သူ ဦးတင်ဆောင်ထံကသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment