တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်





MNP ၊ ဇန်နဝါရီ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ပင်မဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ဘာသာရပ်ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များအား ခင်းကျင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက ပညာရိပ်မြုံ ထားဝယ်တက္ကသိုလ်သီချင်း၊ တက္ကသိုလ်နန်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  ထားဝယ်တက္ကသိုလ်သည် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် မောင်/မယ်များအား မြန်မာ့ပညာရေးမျှော်မှန်းချက်နှင့်အညီ အသိပညာ၊ တွေးခေါ်မြှော်မြင်မှုနှင့် ဆင်ခြင်တုံတရား မြင့်မားလာစေရန်အတွက် (၂၁)ရာစုပညာရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိအောင် လေ့ကျင့်ပျိုးထောင်ပေးရာ ပညာရပ်ဝန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အရည်အသွေးရှိသည့်အဆင့်မြင့် ပညာရေးကိုဖော်ဆောင်နိုင်ရန် အတွက်အရည်အသွေးရှိသည့် ဆရာဆရာမများခန့်ထားခြင်း၊ ဆရာ၊ဆရာမများအား အရည်အသွေးမြှင့်တင်ရေး သင်တန်းများပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သုတေသနများ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ကျောင်းသား/ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ နိုင်ငံခြားပညာတော်သင်များစေလွှတ်ခြင်း၊ စသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထားဝယ်တက္ကသိုလ်ရင်ခွင်တွင် ခိုလုံပြီးပညာ၏ တန်ဖိုးကိုသိနားလည်ကာ ပညာပြည့်ဝနှလုံးလှသူများ ဖြစ်အောင် လေ့လာဆည်းပူးကြရန်၊ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြား နိုင်သောအသိဉာဏ်ရှိ၍ ဗလငါးတန် ပြည့်စုံသည့်ဘွဲ့ရ အရည်အသွေးပြည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြပြီး မိမိတို့အနာဂတ် ခရီးတလျှောက်လှပတင့်တယ်စေလျက် အောင်မြင်တိုးတက်ကြရန်၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များဖြစ်ကြရန် ဆန္ဒပြုရင်း  မောင်/မယ်အားလုံးကို နွေးထွေးစွာဖြင့် ဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက တပင်တိုင်အက၊ ထားဝယ် တိုင်းရင်းသားရိုးရာအက၊ ကရင်တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်တက္ကသိုလ်ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေ(၁၀)သိန်းကျပ်အား ပေးအပ်ရာ ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက လက်ခံယူခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)