ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ တံတားမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ တံတားမြို့၌ ကျင်းပ

 



MNP ၊ဇန်နဝါရီ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် တံတားမြို့ အ.ထ.က(၁)သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အစီအစဥ်အရ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအားဖွင့်လှစ်သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်မြတ်မြတ်သိန်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌဦးထွန်းလှိုင်တို့က အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သောလုပ်ငန်းများနှင့် ရှေးလုပ်ငန်းစဥ်များအား ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်နှင့်ဇနီး၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မြတ်မြတ်သိန်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌဦးထွန်းလှိုင်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


ဖြိုးသီဟ (တံတား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)