မိုင်းယောင်း၊ မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ဖုံးလွှမ်းမှုများမဖြစ်ပေါ်စေရေး တောမီးမရှို့ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ကအမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ် ဦးဆောင်သည့် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွမ်းသည့် ကိစ္စရပ်များမဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့(၁)က တောမီးလောင်ခြင်း၊ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းကြောင့် မီးခိုးမြူငွေ့အမှုန်အမွှားများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေကြောင်း၊ မီးခိုးမြူများကျရောက်ခြင်းကြောင့် ပညာရေး၊ စီးပွားရေးတို့ ထိခိုက်နစ်နာစေနိုင်ကြောင်း၊ ထို့ကြောင့် တောင်ယာမီး၊ တောမီးများမရှို့ရန်၊ သစ်တောသစ်ပင် ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment