ရွှေတောင်မြို့နယ်၊ ကြာနီကန် ရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ ကြာနီကန် ရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး

 




ရွှေတောင်     မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်ယမန်နေ့ နံနက်ပိုင်းက ရွှေတောင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များကကြာနီကန် ရပ်ကွက်အတွင်းမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

      အဆိုပါစစ်​ဆေးရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးစောလွင်နှင့်မီးသတ်တပ်ဖွဲ့၀င်များမှ ကြာနီရပ်ကွက်၊ ကျောင်းကြီးကွက်သစ်လမ်းအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေနှင့် မီးသတ်ဆေးဘူး များထားရှိစေရေးအတွက်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအရန်မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ပူးပေါင်း၍ လိုက်လံစစ်ဆေး / သတိပေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)