အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၆)ခု၌ အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၆)ခု၌ အေးချမ်းစွာဖြေဆို


   



အမ်း - မတ်   ၁၄

    ရခိုင်ပြည်နယ်၊ အမ်းခရိုင်အမ်းမြို့နယ်အတွင်း ၂၀၂၄ ခု ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနကိုအမ်းမြို့နယ်မှ (၄)ခု တွွဲဘက်(၂)ခု

စုစုပေါင်း(၆)ခုဖြင့်စစ်ဆေးခဲ့ရာ ယနေ့နံနက်က ကျောင်း သား/ကျောင်းသူ များ

ဓာတုဗေဒဘာသာ နှင့်ပထဝီ ဘာသာရပ်အားအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။ 

     အမ်းမြို့နယ်အတွင်း ၂၀၂၄ ခု ပညာ

သင်နှစ် G-12 တက္ကသိုလ်ဝင်တန်းစာမေး ပွဲတွင်အထက (၁)  စာစစ်ဌာန၊ အထက (၂)  စာစစ်ဌာန၊ အထက (၃) စာစစ်ဌာန

နှင့်တပ်တောင်စာစစ်ဌာန (အမှုထမ်း -၂) အထက(ခွဲ)တွင် ဖြေဆိုရန် စာရင်း ရှိ (၉၉၄)ဦး၊ဖြေဆို (၆၇၈)ဦး၊ပျက် ကွက် (၃၁၆)ဦး ယနေ့ဓာတုဗေဒ (၄၂၉ )ဦး

နှင့်ပထဝီ (၂၄၉)ဦး

ဘာသာအား ဖြေဆိုခဲ့ရာဖြေဆိုသည့်ရာခိုင်နှုန်း ၆၈.၂၁%  ရှိကြောင်းနှင့် တွဲဘက်စာစစ်ဌာနအဖြစ်

အထက ကမ်းထောင်းကြီးစာစစ်ဌာန (မြောက်ပိုင်းရပ်ကွက် အလယ်တန်းကျောင်း)စာစစ်ဌာနတွင်စာရင်းရှိ (၃၆၁) ဦး၊ဖြေဆို(၁၉၃) ဦး၊ပျက်ကွက်(၁၆၈)ဦး

နှင့် အထက ကမ်းနီစာစစ်ဌာန (အောက်ရွာကျေးရွာ မူလွန်ကျောင်း)စာစစ်ဌာနတွင်စာရင်းရှိ (၆၉)ဦး ၊ဖြေဆို (၁)ဦး၊ ပျက်ကွက် (၆၈) ဦးရှိိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

     တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့်စာစစ်ဌာနများအားမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ကျောင်း သူများအေး ချမ်း စွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးပြီး စာမေးပွဲကြီးကြပ်ဆရာ/ဆ ရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် အပြင်စည်းမှစောင့် ကြပ် ၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)