ပေါင်မြို့နယ်၌ ရိုးရာခြင်းခတ်နည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ရိုးရာခြင်းခတ်နည်းသင်တန်းဖွင့်လှစ်




ပေါင်         မတ်           ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်း၍ ယနေ့ နံနက်( ၉ )နာရီက ရိုးရာခြင်းခတ်နည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က လူငယ်လူရွယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ ဖြင့် အသိပညာ၊အတတ်ပညာများကို လေ့လာသင်ယူသင့်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နည်းပြဆရာ ဦးကျော်ရဲအောင်က  ရိုးရာခြင်းခတ်ရာတွင်  အထိ (၆)ချက်ဖြစ်သည့် ခြေဖျား၊ခြေခွင်၊ဒူး၊ ဘေးဖဝါး၊ဘေးဖနောင့်၊ဘေးဖမျက်၊ထပ်ခြေဖျား၊ထပ်ခြေခွင်၊ထပ်ဒူး စသည့် အခြေခံ ခြင်းခတ်နည်းများကို မတ်လ (၁၄)ရက်နေ့မှ(၂၀)ရက်နေ့ထိ (၇)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)