မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်


အထက်မင်းလှ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီခွဲ က မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား စာရင်းပေးသွင်းပြီး ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊‌ သွေးချိုစစ်ဆေးပေးခြင်း၊ ECGစစ်ဆေးပေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သည့်‌ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးရာ မတ် (၁၃) ရက်နေ့တွင် ကျန်းမာရေးလာရောက်စစ်ဆေးသူ (၂၇) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  


ဇာဇာ(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)