ရေဖြူ၊ နိုဝင်ဘာ ၁၂
ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်း ပထမရာသီချိန်တွင် ယနေ့တွင် ရော်ဘာအလွတ်ပြားဈေးမှာ တစ်ပေါင်လျှင် ၃၀၀၀ ကျပ်ကျော်အထိ ဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရော်ဘာဈေးနှုန်းမှာ မနှစ်က ပထမရာသီအဖွင့် အောက်တိုဘာလက တစ်ပေါင်လျှင် ၁၄၀၀ ကျပ်သာရရှိပြီး ယခုနှစ် နိုဝင်ဘာလတွင် ၃၀၀၀ ကျပ် ကျော်အထိ ဈေးမြင့်တက်လာပြီး ဝယ်လိုအားလည်းများလာကြောင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အချို့မှာ ဈေးကောင်းရပြီး တွက်ခြေကိုက်သဖြင့် " ဒီနှစ် ပထမရာသီအစတွင် မိုးရွာရက် ရှိသော်လည်း နေ့ဘက်တွင် မိုးစဲသည်နှင့်တပြိုင်နက် ပုံမှန်အစေးခြစ်နေကြောင်း" ခြံရှင်တစ်ဦးကပြောသည်။ လွန်ခဲ့သော ၆ နှစ်တာအတွင်း အမြင့်ဆုံးဈေးကို ပြန်လည်ရရှိနေသဖြင့် ရော်ဘာလုပ်ငန်း တစ်နိုင်တပိုင် လုပ်ကိုင်နေသူများမှာ တွက်ခြေကိုက်ကြောင်း သိရသည်။
ခတ္တာ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment