The 2024 KYOTO PRIZE ဆုပေးပွဲ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

The 2024 KYOTO PRIZE ဆုပေးပွဲ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်




တိုကျို၊ နိုဝင်ဘာ ၁၂

The 2024 KYOTO PRIZE ဆုပေးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် ကျိုတိုမြို့ Kyoto International Conference Center ၌ ကျင်းပပြုလုပ်ရာ The 2024 KYOTO PRIZE ချီးမြှင့်သည့် Inamori Foundation ၏ Chairman Mr. Shigetada Nakanishi နှင့် President ဖြစ်သူ Mrs. Shinobu Inamori Kanazawa တို့၏ ဖိတ်ကြားချက် အရ သံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များ၊ သံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက် ရောက်ခဲ့ကြပါသည်။ The 2024 KYOTO PRIZE သည် Kyocera Corporation ကို တည်ထောင်သူ Mr. Kazuo Inamori မှ ၁၉၈၄ ခုနှစ်တွင် Inamori Foundation ကို တည်ထောင်၍ ချီးမြှင့်သည့် ဆုတစ်ဆုဖြစ်ပြီး Inamori Foundation သည် The  KYOTO PRIZE အပြင် သုတေသနလုပ်ငန်းများအတွက် ထောက်ပံ့ခြင်းနှင့် လူမှုဘဝဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ The 2024 KYOTO PRIZE ကို ဆုအမျိုးအစား (၃)မျိုးဖြင့် ချီးမြှင့်ခဲ့ရာ ယခုနှစ်အတွက် အဆင့်မြင့် နည်းပညာကဏ္ဍတွင် Mr.John Pendry မှလည်းကောင်း၊ အခြေခံသိပ္ပံပညာကဏ္ဍတွင် Mr. Paul F.Hoffman မှ လည်းကောင်း၊ အနုပညာနှင့် ဒဿနိကကဏ္ဍတွင် Mr.William Forsythe တို့မှ လည်းကောင်း၊ အသီးသီးရရှိခဲ့သည်။ 

ဆုရရှိသူများအား Inamori Foundation မှ တာဝန်ရှိသူများမှ ဆုချီးမြှင့်ပြီးနောက် ဆက်လက်၍ The Prince Kyoto Takaragaike ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် The 2024 Kyoto Prize Banquet ညစာစားပွဲသို့ သံအမတ်ကြီးသည် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)