လွိုင်ကော် ၊ နိုဝင်ဘာ ၂
ကယားပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဥပဒေချုပ်ရုံးမှ ကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဝန်ထမ်းများအနေဖြင့် မိမိတို့ကိုယ်တိုင်ကျင့်သုံးနေသော ဥပဒေ၊ နည်းဥပဒေများအပြင် အခြားဌာနဆိုင်ရာများ၏ ဥပဒေဘာသာရပ်များကိုလည်း နားလည်တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) မြန်မာနိုင်ငံ၏ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာဥပဒေတို့၏ ဆက်နွှယ်မှုများ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ တရားစီရင်ရေး၏ အရေးကြီးပုံများကိုသိရှိရန်၊ ဥပဒေအကြောင်းကို သိရှိနားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြစေရန်၊ တာဝန်ထမ်းဆောင်ရာ၌ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့၏ အားထားရသည့် ဌာနအဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ သင်တန်းသား သင်တန်းသူများအနေဖြင့်လည်း သင်တန်းတွင် ပို့ချလိုက်သော ဥပဒေအသိပညာများကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးစားလေ့လာမှတ်သားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဦးဇော်မျိုးတင်က သင်တန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းက လက်ခံရယူပြီး ပြည်နယ်ဥပဒေအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ သည်။ သင်တန်းတွင် ပြည်နယ်အတွင်း ဌာနဆိုင်ရာ အရာထမ်း (၁၀၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၃) ရက်တာကြာမြင့်မည်ဖြစ်ပြီး ဥပဒေ (၁၇) မျိုးအား ပို့ချသွားမည်ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် လွိုင်ကော်မြို့၊ အမှတ် (၄) လမ်းမကြီးတစ်လျှောက်၊ ကန်ပတ်လမ်းနှင့် အနော်ရထာလမ်းတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး ပါဝင်ဆောင်ရွက်သူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။ အဆိုပါလမ်းတစ်လျှောက်ဝဲယာရှိ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပလက်ဖောင်းများ၊ လမ်းလယ်ကျွန်းများသန့်ရှင်းသပ်ရပ်စေရေးနှင့် ပန်းအလှပင်များစိုက်ပျိုးရေး၊ လမ်းဘေးဝဲယာအန္တရာယ်ရှိ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေး၊ ပျက်စီးနေသောကတ္တရာလမ်းများ ပြုပြင်သွားရေး၊ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လိုသည့် ပြည်သူများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment