ဆိပ်ကြီးခနောင်တို , ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်၊ တောင်ပြာတန်းဆန်စက်ဝန်းအတွင်ရှိ Diesel KingCo.ltd ဂေါ်ဇီလာခြင်ဆေးခွေစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အဆိုပါစက်ရုံအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်ရုံတာဝန်ရှိသူများနှင့်အတူ စက်ရုံအတွင်း လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးသတ်ရေလှောင်ကန်၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ စက်ရုံမှထွက်ရှိသည့် အမှိုက်နှင့်လောင်စာများအား စနစ်တကျ စွန့်ပစ်ရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေးတို့ကို စက်ရုံတာဝန်ရှိသူများနှင့် စက်ရုံဝန်ထမ်းများအား အသိပေးဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်ရုံဝန်ထမ်းများ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လွယ်ကူလျင်မြန်စွာ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး၊ ရေတို့ဖြင့် မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ
https://t.me/MyanmarNationalPost
No comments:
Post a Comment