သာယာဝတီ , ဒီဇင်ဘာ ၁၃
စိုက်ပျိုးရေးသိပ္ပံ၊ သာယာဝတီမြို့၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၃၅)ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက တေးသီချင်းသီဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ/ထားဝယ်/ကျောက်တော်) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာ/မများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အဖွင့်အမှာ စကားပြောကြားရာတွင် ဤကျောင်းတော်ကြီးသို့ နေရာဒေသအသီးသီးကနေ လာရောက်ပညာသင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများအားလုံးကို နွေးထွေးလှို=က်လှဲစွာကြိုဆိုပါကြောင်း၊ သာယာဝတီ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစိတ်ဝင်စားသူ၊ လျှောက်ထားသူ တက်ရောက်သူတွေ များပြားလာတယ်လို့သိရ၍ ကောင်းတဲ့ပြယုဂ်တစ်ခုလို့မြင်မိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူတွေဟာ မြန်မာနိုင်ငံလို စိုက်ပျိုးရေးနိုင်ငံမှာ များစွာအရေးပါလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနှံ့အပြားက လူငယ်မောင်မယ်တွေကို အသက်မွေးဝမ်းကျောင်းပညာရပ် အထက်တန်းပညာအောင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအနေနဲ့ စနစ်တကျလေ့လာသင်ယူနိုင်ကြစေရန် စိုက်ပျိုးရေးသိပ္ပံကျောင်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ကျောင်းများကို ဖွင့်လှစ်ထားရှိကြောင်း ပြောကြားပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ/ထားဝယ်/ကျောက်တော်) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် စာပေဌာနမှ ဆရာကြီးဦးခင်မောင်ရင်တို့က မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment