ကျောင်းကုန်း၊ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဝက်ချောင်းတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကွင်းဆင်းကုသပေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ အားပေးကာ အာဟာရဒါန လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကုသမှုအစီအစဉ်တွင် အထွေထွေရောဂါအထူးကု လူနာ(၁၁၅)ဦး၊ ခွဲစိတ်လူနာ(၁)ဦး၊ သားဖွားမီးယပ်လူနာ(၁၄)ဦး အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ(၆၈)ဦး၊ တယ်လီဗေးရှင်း ဓါတ်မှန်ရိုက်ခြင်း(၃၄)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၅)ဦး၊ ကလေးလူနာ(၁၆)ဦး၊ စုစုပေါင်း လူနာ(၂၆၃)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး၊ ကွင်းဆင်းစဉ်အတွင်း အရိုးအကြော အဆစ်လူနာ(၂)ဦးကို ချက်ခြင်းခွဲစိတ်ပေးခဲ့သည်။ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သောကုသမှုများကို ဆက်လက်ဆောင်ရွက်နိုင်ရန် လူနာ(၉)ဦးတို့အား ညွှန်းပို့စီစဉ်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment