ပဲခူးမြို့၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေ





ပဲခူး၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့က အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ပဲခူးမြို့၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အလိုက် သစ်သီးဝလံပန်းမန်ပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာအရောင်းပြခန်းများ၊ တောင်သူသရုပ်ပြ ခြံလှောင်စနစ်ဖြင့် ဒေသကြက်၊ ဘဲ၊ ဝက်၊ ဆိတ် မွေးမြူရေးခြံများ တည်ဆောက်နေမှု၊ တိရစ္ဆာန် အစာအဖြစ် အစ္စရေးမြက်ချို (တီကူယံ) နှင့် နေဗီယာမြက်စိုက်ခင်းများ၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသော မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများဖြစ်သည့် စပါး၊ နေကြာ၊ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ခင်းအလိုက် မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုထည့်သွင်းရမည့်ပုံစံနှင့် ပြုစုစောင့်ရှောက်ရမည့် နည်းလမ်းများအား လာရောက်လေ့လာသည့် တောင်သူများနားလည် သဘောပေါက်လွယ်သော အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိပြီးသား MSME ထုတ်ကုန်များအပြင် အမယ်သစ်ထုတ်ကုန်များလည်း လာရောက်ပြသရောင်းချနိုင်ရေး စီစဉ်သွားရန်နှင့် ဒေသထွက်ကုန်များ ပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားအား ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်လ (၁) ရက်နေ့မှစတင်၍ မတ်လ (၂) ရက်နေ့ထိ တင်မောင်ဆန်းမင်းဝင်း ဦးဆောင်သော “မန်းအလင်္ကာဆန်း” ဇာတ်သဘင်ဖြင့် အခမဲ့ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)