မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား တက်ရောက်




မော်လမြိုင် , မတ် ၇


မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာရေးအတွက် ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။


မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ အခြေခံပညာမှ ကျောင်းသားကျောင်းသူများက စုပေါင်း၍ ပါဝင်ဆင်နွှဲကြသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ပြည်နယ်အတွင်း၌ ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိသည့် “သနပ်ခါးပါးတို့”သည့် အလေ့အထသည် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အဖြစ် တည်ရှိနေပါကြောင်း မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် လှိုင်ရပ်ကွက်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် ထုံးအိုင်ကျေးရွာတို့တွင် နိဗ္ဗာန်ဈေးအလှူများ ကျင်းပသည့်အခါ “သနပ်ခါးပါးတို့”သည့် အလေ့အထသည် ဒေသခံပြည်သူများ ပျော်ရွှင်စွာဆင်နွှဲသည့် ဒေသဓလေ့ဖြစ်ပါကြောင်း၊ ထို့အတူ မော်လမြိုင်မြို့ရှိ ရိုးဂိုးဘုရားပွဲ ကျင်းပချိန် သင်္ကြန်နှစ်ဆန်း တစ်ရက်နေ့တွင် “သနပ်ခါးပါးတို့” သည့်ဓလေ့သည် ယနေ့အထိ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည့် ရိုးရာဓလေ့ တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကို တင်သွင်းရန် ဆောင်ရွက်နေသည့် အချိန်ကာလတွင် ယခုကဲ့သို့ အာလုံး စိတ်အား ထက်သန်စွာ အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက်   မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ Video Clip ကိုပြသပြီး မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်ယိမ်းအဖွဲ့၊ မော်လမြိုင်သူနာပြုသင်တန်းကျောင်း ယိမ်းအဖွဲ့၊ မော်လမြိုင် သားဖွားသင်တန်းကျောင်းယိမ်းအဖွဲ့၊ မော်လမြိုင် တက္ကသိုလ်ယိမ်းအဖွဲ့တို့က မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်သည့်  တေးသီချင်းများ၊ သရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ကြည့်ရှုအား‌ပေးကာ ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့နှင့် ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှုအဖြစ် အခမ်းအနား တက်ရောက်လာကြသူများ၏ မြန်မာ့သနပ်ခါးလိမ်းခြယ်မှု အစီအစဉ် ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)