မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ မေလ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ မေလ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်


ရန်ကုန်၊ မေ ၉

မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင် ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲကို မေလ ၁၀ ရက်မှ ၁၂ ရက်အထိ ည ၆ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကပြ ဖျော်ဖြေသွားမည်ဖြစ်သည်။

မေလ ၁၀ ရက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအစီအစဉ်ဖြင့်လည်းကောင်း၊ မေလ ၁၁ ရက်တွင် မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို) အစီအစဉ်ဖြင့်လည်းကောင်း၊ မေလ ၁၂ ရက်တွင်မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) အစီအစဉ်ဖြင့်လည်း ကောင်း ဖျော်ဖြေသွားမည်ဖြစ်သည်။

မေလ ၁၀ ရက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နာမည်ကျော်ရုပ်ရှင်အနုပညာရှင်များ၏ ဇာတ်ဝင်တေးသီချင်းများကို လည်းကောင်း၊ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ် တင်ဆက်သည့် ဒါရိုက်တာသန်းထိုက်(ရွှေရိပ်)၊ သရုပ်ဆောင် ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ မင်းတော်ဝင်၊ ခင်ဇာခြည် ကျော်၊ အေးဝတ်ရည်သောင်း၊ မမဆောင်းနှင့် သရုပ်ဆောင်များစွာ ပါဝင်သော “အချစ်ဆုံးအပေါင်ဆိုင်” ဟာသတစ်ခန်းရပ်ပြဇာတ် ကိုလည်းကောင်း၊ HEY Play Application က စီစဉ်တင်ဆက် သည့် ဒါရိုက်တာတင်မောင်ဆန်းမင်းဝင်း၏ နက္ခတ်၊ စိုင်းစည် တွမ်ခမ်း၊ နေထွဋ်၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ မေလသံစဉ်နှင့် သရုပ်ဆောင်များစွာပါဝင်သော “ပြည်သူ့အချော့တော်” တေးသရုပ်ဖော်ပြဇာတ်ကိုလည်းကောင်း၊ Bo Bo ရုပ်ရှင်ထုတ်လုပ် ရေးနှင့် Triple Six ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက် သည့် ဒါရိုက်တာ စိုးမိုးမင်း၊ သက်ဦးမောင်၊ သရုပ်ဆောင် ကောင်း မြတ်စံ၊ ရှင်မွေလ၊ မင်းဘုန်းမြတ်၊ ခြူးလေး၊ ခြူးစစ်ဟန်တို့နှင့် သရုပ်ဆောင်များစွာပါဝင်သော “ငါတို့ အားလုံးလူ … အတူတူ” ပြဇာတ်ကိုလည်းကောင်း၊ ဒါရိုက်တာညိုမင်းလွင်၏ ရန်အောင်၊ သားညီ၊ မာန်ဟိန်း၊ စည်သူမောင်၊ မြယာတို့နှင့် သရုပ်ဆောင် များစွာပါဝင်သော “ဖုတ်သွင်းရထား” ပြဇာတ်ကိုလည်းကောင်း၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ်၊  ထွန်းထွန်း၊ ရဲလေးနှင့် သရုပ်ဆောင်များ၊ အက အဖွဲ့များပါဝင်သည့် “မနက်ဖြန်များ လှပါစေ” တေးအော်ပရာကို လည်းကောင်း ဝေဝေဆာဆာ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။

မေလ ၁၁ ရက်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အစီအစဉ်ဖြင့် ဂီတအနုပညာရှင်များဖြစ်သည့် နွဲ့ယဉ်ဝင်း၊ ဘိုဘိုဟန်၊ ခင်မောင်ထူး၊ ကိုင်ဇာ၊ စည်သူလွင်၊ ဇော်ပိုင်၊ ဝေလ၊ ပူစူး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဟဲလေး၊ လွှမ်းပိုင်၊ မေခလာ၊ L ဆိုင်းဇီ၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ မီးနို၊ ဆိုင်စံ၊ ချမ်းမြေ့မောင်ချို၊ အိုင်းရင်းဇင်မာမြင့်တို့၏ သီဆိုဖျော်ဖြေမှုကို ဥက္ကာဦးသာနှင့်  Immortal Band တို့ ပေါင်းစပ်အားဖြည့်ထားသည့် ဂီတဖျော်ဖြေ ပွဲအား တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၁၂ ရက်တွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အစီအစဉ်ဖြင့် နာမည်ကျော် ဇာတ်သဘင် မင်းသား၊ မင်းသမီး များ၏ တေးအော်ပရာ၊ ပြဇာတ်၊ နှစ်ပါးသွားအစီအစဉ်များအပြင် ဆပ်ကပ်အဖွဲ့၏တင်ဆက်မှုများဖြင့် အားဖြည့်ဖျော်ဖြေသွား မည်ဖြစ်ကြောင်း သိရသည်။

ပဒေသာကပွဲကို အားပေးလိုသူ အနုပညာချစ်ပရိသတ်များ အနေဖြင့် Hot Line နံပါတ်များဖြစ်သော ၀၉-၈၈၀၉၄၂၇၉၂၊ ၀၉-၈၈၀၉၄၂၇၉၃  တို့အား ဆက်သွယ်မေးမြန်း၍ လက်မှတ်များ ဝယ်ယူအားဖြည့်ကုသိုလ်ပါဝင်နိုင်ကြောင်း သိရှိရသည်။   


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)