ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အပြာရောင်အဆင့်သတ်မှတ်ထားသည့် အပျိုဆောင်များ၌ ဝန်ထမ်းများပြန်လည်နေထိုင်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေးအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အပြာရောင်အဆင့်သတ်မှတ်ထားသည့် အပျိုဆောင်များ၌ ဝန်ထမ်းများပြန်လည်နေထိုင်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေးအားပေး


နေပြည်တော်၊ မေ ၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအဆောင်များအနက် အပြာရောင်အဆင့် သတ်မှတ်ထားသည့် အပျိုဆောင်များ၌ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ပြန်လည် နေထိုင်လျက်ရှိသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြော ကြားသည်။

ဦးစွာ ငလျင်ဒဏ်ခံရသော်လည်း ထိခိုက်ပျက်စီးမှုနည်းပါးပြီး ပြန်လည်နေထိုင်နိုင်သည့်အတွက် အပြာရောင်အဆင့် သတ်မှတ်ထားသော ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်အတွင်းရှိ သဇင် (၇) နှင့် သဇင် (၁) အပျိုဆောင်တို့၌ ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ခဲ့မှု၊ ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိမှုနှင့် နေထိုင်စားသောက်မှု၊ လျှပ်စစ်မီးနှင့် ရေ ပြန်လည်ရရှိမှုအခြေအနေများကို မေးမြန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်သင့်ဒေသများရှိ အပျက်အစီးများကို နိုင်ငံတော်က ဖယ်ရှားရှင်းလင်းပေးနေမှု၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိ အချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းများအတွက်လည်း နိုင်ငံတော်က လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေး နေမှု၊ ငလျင်နှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှားများကို ရှောင်ရှား၍ သတင်းမှန်များကို စောင့်ကြည့်လိုက်နာဆောင်ရွက်စေလိုမှု၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့် တစ်ဦး ဖေးမကူညီကာ အသိ၊ သတိတို့ဖြင့် ဂရုပြုနေထိုင်ကြရန် လိုအပ်မှုနှင့် မိမိတို့၏ လုပ်ငန်း တာဝန်များကိုလည်း တာဝန်သိစိတ်၊ တာဝန်ယူစိတ်ဖြင့် ကြိုးပမ်းထမ်းဆောင်ကြစေလိုမှု အခြေအနေများကို အားပေးတိုက်တွန်းပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)