ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများ နေထိုင်ရန် တည်ဆောက်လျက်ရှိသည့် ဘာရှာများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများ နေထိုင်ရန် တည်ဆောက်လျက်ရှိသည့် ဘာရှာများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများ နေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင် (၁၊ ၂၊ ၃နှင့် ၄) တို့တွင် နှစ်ခန်းတွဲ ဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အရည်အသွေးကောင်းမွန်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြား သည်။

ထို့နောက် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ Call Room ၌ ဂျူဒိုနှင့် ဂျူဂျစ်ဆုအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကို လက်ခံတွေ့ဆုံပြီး လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအပြင် အနာဂတ်တွင်ဂျူဂျစ်ဆုအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညှိနှိုင်းပေါင်းစပ်ပြီး အားထည့်၍ ကြိုးပမ်းဆောင်ရွက်ပေးသွားရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ဂျူဒိုအားကစားအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်နှင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေ ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)