ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ဘုရား၊ စေတီများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြိုကျပျက်စီးခဲ့သော ဘုရားများ၌ ဌာပနာရန် ဓာတ်တော်မွေတော်များ အနေကဇာတင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ဘုရား၊ စေတီများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြိုကျပျက်စီးခဲ့သော ဘုရားများ၌ ဌာပနာရန် ဓာတ်တော်မွေတော်များ အနေကဇာတင်အခမ်းအနား ကျင်းပ


မန္တလေး၊ မေ ၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မဟာဂန္ဓာရုံဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ တောင်မင်းကြီးဘုရား၊ ရွှေကူကြီးဘုရား၊ ပုထိုး တော်ကြီးဘုရားနှင့် တောင်သမန် ကျောက်တော်ကြီးဘုရားများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် အဖွဲ့သည် နိုင်ငံတာ်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)၌ ကျင်းပပြုလုပ်သည့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဘုရား၊ စေတီများ၌ ဌာပနာရန် ဆင်းတုတော်၊ စေတီတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတာ်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဆရာ တော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုသည့် ပါမောက္ခ / ဌာနမှူး ဆရာတော် ကိုးပါးတို့က ဆင်းတုတော်၊ စေတီတော်၊ ဓာတ်တော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပါမောက္ခချုပ်ဆရာတော်ကြီးထံမှ ငါးပါး သီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် ပါမောက္ခချုပ် ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုကာ ရေစက်သွန်းချ၍ အမျှပေးဝေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမရပူရမြို့ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဣန္ဒောဘာသာဘိဝံသ ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်မင်းကြီးဘုရား၊ ရွှေကူကြီးဘုရား၊ မဟာဝိဇယရံသီပုထိုးတော်ကြီး၊ တောင်သမန်ကျောက်တော်ကြီးဘုရားတို့ကို ကြည့်ရှုစစ်ဆေးပြီး အမရပူရမြို့၏ သမိုင်းဝင် ကြီးလေးကြီးဘုရားများဖြစ်သည့်အတွက် စနစ်တကျ ပြုပြင် ထိန်းသိမ်းပေးရန် မှာကြားခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)