တောင်ကြီး ၊မေ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒ(၄)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ် (၁၈)ရပ် ချမှတ်ပြီး နယ်စပ်ဒေသမှာရှိသည့် တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီဌာန၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက် (၂)ရပ်၊ ရည်မှန်းချက် (၄)ရပ်၊ လုပ်ငန်းစဉ် (၉)ရပ်ချမှတ်ပြီး ဝန်ကြီးဌာန၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင် (၄၅) ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၄၇)ကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉) ကျောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့ကို ဖွင့်လှစ်ပြီး တိုင်းရင်းသား၊ တိုင်းရင်းသူလေးများကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်မှ အချိန်ကုန်၊ ငွေကြေးကုန်ကျခံပြီး သင်ကြားပို့ချသည့် ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့လာ၍ လက်တွေ့နယ်ပယ်တွင်အသုံးချပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်အောင်ကြိုးစားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်ခင်စန်းဝင်းက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။
အဆိုပါသင်တန်းကျောင်း၌ လက်မှုဘာသာရပ်၊ စက်ချုပ်ဘာသာရပ်အနေဖြင့် ဂျပန်စင်တီမီတာနည်းဖြင့် ခေတ်နှင့်လျော်ညီသော မြန်မာပွဲတက်ဝတ်စုံများ၊ မြန်မာသတို့သမီး ထိုင်မသိမ်းဝတ်စုံများကို အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်သည်အထိ သင်တန်းသူ (၃၂)ဦးတို့ဖြင့် မေလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့ထိ သင်တန်းကာလ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဇင်
https://t.me/MyanmarNationalPost

No comments:
Post a Comment