ရန်ကုန်၊ မေ ၂၀
ဘယ်လာရုစ်နိုင်ငံ၊ Belays Rus ပါတီ၏ ဖိတ်ကြားချက်အရ မေလ (၁၅)ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့သော နှစ် (၈၀)ပြည့် Great Patriotic War နှင့် ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ အီရန်၊ ကာဇက်စတန်၊ တရုတ်၊ ကျူးဘား၊ မြန်မာ၊ ပါလက်စတိုင်း၊ ဆားဘီးယား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်စသည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များနှင့် ပညာရှင်များ စုစုပေါင်း ၄၉၂ ဦးပါဝင်သော International Inter-Party Conference အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလ (၂၀)ရက်နေ့ ၀၀ ၀၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များက ကြိုဆိုခဲ့ကြသည်။
ခရီးစဉ်တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သောပါတီကိုယ်စားလှယ်အဖွဲ့သည် International Inter-Party Conference တွင် ပါဝင်ဆွေးနွေခြင်း၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းများအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဘယ်လာရုစ်နိုင်ငံ အနိုင်ရပါတီဖြစ်သည့် Belaya Rus ပါတီ နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment