သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၂၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန သတင်းအချက်အလက်နည်းပညာတက္ကသိုလ် သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ မတ် ၁၄ ရက် ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မဆောင်အဆောက်အအုံတွင် မွမ်းမံရေးလုပ်ငန်းများ၊ ဘက်စုံ သုံးခန်းမနှင့် Theater တို့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လာမည့် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ကွန်ပျူတာစက်ခန်းများ၊ စာကြည့်တိုက်၊ K-Lab တို့တွင် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာ၍ စနစ်တကျ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သတင်း အချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အလုပ်သင်အစီအစဉ် (Internship) ဖြင့် လာရောက်လေ့လာလျက်ရှိကြသော ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာအရွေ့နှုန်းတို့နှင့်အတူ အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်က အမှန်တကယ် အားထားရသော ကမ္ဘာ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုမျက်နှာစာအထိ ထိုးဖောက်နိုင်သော စွမ်းရည်မြင့် လူငယ် IT ပညာရှင်များဖြစ်စေရေး ရည်မှန်းလျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းသားများအတွက် စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)