မြို့သစ် ၊ မေ ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများသီးနှံစိုက်ပျိုးရာတွင်အဆင်ပြေစေရန်အတွက် မိုးစပါးနှင့်အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ကျေးရွာအုပ်စုအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးနှင့်အခြားသီးနှံစုံဧက (၃၃၇၅၀)ဧကအတွက် ငွေကျပ်သိန်း (၄၅၀၀၀)ထုတ်ချေးပေးရန် လျာထားရာ မေလ ၁၉ ရက်နေ့တွင် စည်သာကျေးရွာအုပ်စု၊ စည်သာကျေးရွာရှိတောင်သူ(၂၂)ဦး၊ မိုးစပါးဧက(၅၀)ဧကအတွက် တစ်ဧကလျှင် ၁၅၀၀၀၀/-နှုန်းဖြင့် ငွေကျပ်(၇၅၀၀၀၀၀) သိန်း၊ အခြားသီးနှံစုံ (၂၂) ဧကအတွက် တစ်ဧကလျှင် ၁၀၀၀၀၀/-နှုန်းဖြင့် ငွေကျပ်(၂၂၀၀၀၀၀) သိန်း စုစုပေါင်း ငွေကျပ် (၉၇၀၀၀၀၀)သိန်းအား တောင်သူများ၏ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment