ပြည်နယ်အဆင့်ကျောင်းအပ်နှံရေး သီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်အဆင့်ကျောင်းအပ်နှံရေး သီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲပြုလုပ်




တောင်ကြီး  ၊ မေ ၂၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပို့စတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ပြလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် ပညာ‌‌ရေးမှူးတို့က ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။


ထို့နောက် အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအဖွဲ့တို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)