မိုင်းယောင်း ၊ မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့သည် မေလ ၁၉ ရက်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မိုင်းယောင်းမြို့၊ အမှတ်(၈)ရပ်ကွက်တွင် လယ်ရေသွင်းမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်ထားရှိမှု အခြေအနေနှင့် နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရာဇီ
https://t.me/MyanmarNationalPost
No comments:
Post a Comment