ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေ ပဒေသာကပွဲ ဖျော်ဖြေမှုဒုတိယနေ့ ကြည့်ရှုအားပေးသူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေ ပဒေသာကပွဲ ဖျော်ဖြေမှုဒုတိယနေ့ ကြည့်ရှုအားပေးသူများဖြင့် စည်ကား






ရန်ကုန်၊ မေ ၁၃

မြန်မာနိုင်ငံတွင်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲဖျော်ဖြေမှု ဒုတိယနေ့အစီအစဉ်အဖြစ် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံကြီးတွင် မေ ၁၁ ညပိုင်းက ဆက်လက်ဖျော်ဖြေတင်ဆက်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပြီး ကြည့်ရှုအားပေးသူများဖြင့် စည်ကားခဲ့သည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဖျော်ဖြေတင်ဆက်မှုတွင် မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုဖြစ်စဉ် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီမှုနှင့် ပြန်လည်ထူထောင်ရေး မှတ်တမ်းဗီဒီယိုကိုပြသပြီး၊ ထိုဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဆုတောင်းမေတ္တာပို့သသည်။

ထို့နောက် ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်များ လှူဒါန်းသော အလှူငွေများအား မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်ထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်တွင် Plus Three Band Immortal Band ပူးပေါင်းတင်ဆက်မှုဖြင့် ပူစူးမ၊ ဆိုင်းစံ၊ မီးနို၊ ဘိုဘိုဟန်၊ ခင်မောင်ထူး၊ နွဲ့ယဉ်ဝင်း၊ နီနီခင်ဇော်၊ လွှမ်းပိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ မျိုးကျော့မြိုင်၊ မေခလာ၊ ဟဲလေး၊ အိုင်းရစ်ဇင်မာမြင့်၊ ကိုင်ဇာ၊ စည်သူလွင်၊ ချမ်းမြေ့မောင်ချို၊ ဇော်ပိုင်၊ အယ်လ်ဆိုင်းဇီနှင့် ဝေလတို့က မြူးကြွသွက်လက်သော တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ကြည့်ရှုအားပေးကြသည့် ပရိသတ်များက တေးသီချင်းနှင့်အတူ စီးမျောလိုက်ပါ သီဆိုခြင်းဖြင့် ဂီတဖျော်ဖြေပွဲသည် အထူးစည်ကားခဲ့ကြောင်း သိရသည်။


အောင်မြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)