ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်




ချင်းမိုင်၊ မေ ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ် အတွက် သာသနာတော်ဆိုင်ရာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန်း မြန်မာကျောင်းတိုက်မှ ဆရာတော် ဦးပညာစက္က ကို ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်း မြန်မာကျောင်းတိုက်တွင် ကဆုန်လပြည့်နေ့ဖြစ်သည့် ၁၁-၅-၂၀၂၅ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါဘွဲ့တံဆိပ်တော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း က ဆရာတော် ဦးပညာစက္ကထံ ဆက်ကပ်လှူဒါန်း ခဲ့သည်။ 

ဆရာတော် ဦးပညာစက္ကသည် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များနှင့် ပြည့်စုံသည့်အပြင် ထေရဝါဒဗုဒ္ဓ သာသနာတော်ပြန့်ပွားရေးအတွက် ချင်းမိုင်မြို့အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများမှာ ထေရဝါဒဗုဒ္ဓစာပေများကို သင်ကြားပို့ချဆောင်ရွက်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ၌သာမက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်လည်း ဘုန်းတော်ကြီးသင်ပညာရေး သင်တန်းများအား ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံရောက်၊ မြန်မာနိုင်ငံသား ကလေးငယ်များကို ဗုဒ္ဓဘာသာအခြေပြုယဉ်ကျေးလိမ္မာစာပေ များ ပို့ချခြင်းဖြင့် သာသနာတော် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ခဲ့ခြင်း စသည့် တန်ဖိုးမဖြတ်နိုင်သော ဆောင်ရွက်ချက်များအပြင် မြန်မာစာပေ ထွန်းကားပြန့်ပွားရန်အတွက်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း မြန်မာစာပေ ကို သင်ကြားပို့ချပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုကဲ့သို့ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)