တူရကီမြို့တော်ဝန် ၃ ဦးကို အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တူရကီမြို့တော်ဝန် ၃ ဦးကို အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီး



ဇူလိုင် - ၆ ( တနင်္ဂနွေနေ့ ) 

တူရကီသမ္မတ အာဒိုဂန်ကို ဆန့်ကျင်သည့် နိုင်ငံရေး ပါတီဝင်များဖြစ်သည့် တူရကီမြို့တော်ဝန် သုံးဦးကို အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် စနေနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မြို့တော်ဝန်သုံးဦးမှာ တူရကီနိုင်ငံ၏ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ၏ အဖွဲ့ဝင်များဖြစ်ကြောင်း Politico သတင်းဌာန က ဖော်ပြခဲ့ပါတယ်။ 

အာဒါနာမြို့တော်ဝန် ကာရာလာ၊ အာဒီယာမန် မြို့တော်ဝန် တတ်ဒီရီ  နဲ့ အန်တယ်ယာ မြို့တော်ဝန် ဘိုဆက် တို့ ကို နိုင်ငံရေး လှုံ့ဆော်မှု လုပ်ဖို့အတွက် သမ္မတ အာဒိုဂန်က ဖမ်းဆီးမှုတွေ လုပ်နေတာပါ လို့ ရီပတ်ဘလီကန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ က ယူရိုသတင်းဌာနကို ပြောသွားပါတယ်။ 

“တရားစီရင်ရေးကို နိုင်ငံရေးအရ လက်စားချေဖို့ တုတ်အဖြစ်သုံးတဲ့သူတွေက ဥပဒေအကြောင်းကို ဂရုမစိုက်ကြပါဘူး၊ ကိုယ့်အာဏာကို ကာကွယ်ဖို့ပဲသိကြတာပါ” လို့ ၎င်းက သူ့ရဲ့ ဆိုရှယ်မီဒီယာတွင် ရေးသားထားပါတယ်။ 

"နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေမယ့် ဒီညစ်ညမ်းတဲ့စနစ်ကို ဘယ်တော့မှ ခေါင်းငုံ့ခံမှာ မဟုတ်ဘူး" လို့လည်း ပြောသွားပါတယ်။  ရဲတပ်ဖွဲ့က တတ်ဒီရီကို မနေ့ကမနက်ပိုင်းမှာ အန်ကာရာမှာရှိတဲ့ သူ့အိမ်မှာ ထိန်းသိမ်းခဲ့ပြီး အစ္စတန်ဘူလ်ကို ခေါ်ဆောင်သွားပါတယ်။ ကာရာလာနဲ့ ဘိုဆက် ကိုတော့ အစ္စတန်ဘူလ်သို့ ခေါ်ဆောင်သွားခြင်း ရှိ၊ မရှိ အစီရင်ခံစာများတွင် ဖော်ပြထားခြင်း မရှိပါဘူး။


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)