ဇူလိုင် - ၆ ( တနင်္ဂနွေနေ့ )
အော်ရီဂွန်ပြည်နယ် ပို့သ်လန် ရှိ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးစခန်း အပြင်ဘက်တွင် သောကြာနေ့က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာ ချန်နယ် KOIN 6 ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
အဲ့ဒိ ထိန်းသိမ်းရေးစခန်းက ယခု ရက်သတ္တပတ်များအတွင်း ဆူပူအုံကြွမှုရဲ့ အချက်အခြာဖြစ်လာပါတယ်။ အခင်းဖြစ်ပွားရာနေရာရှိ အလွတ်တန်းသတင်းထောက် ကေတီ ဒေးဗစ်ကော့တ်မှ ထုတ်လွှင့်သည့် ဗီဒီယိုများတွင် ရဲများက မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုလူဝေးကို ဖြိုခွဲခြင်း ရော်ဘာကျည်ဆံများ နဲ့ ပစ်ခတ်ခြင်းများ လုပ်ခဲ့ပါတယ်။ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့နှင့် ထိတွေ့ဆက်ဆံရာတွင် ဂတ်စ်မျက်နှာဖုံးများနှင့် စက်ဘီးစီးဦးထုပ်များ ဝတ်ဆင်ထားတာကိုလည်း မြင်တွေ့ရပါတ။
"ဖက်ဒရယ်ရဲများက အကျဉ်းသားများထိန်းသိမ်းထားတဲ့ နေရာအပြင်ဘက်ရှိ အန်တီဖာ အဓိကရုဏ်းများကို လူစုခွဲနေတာကြောင့် ပို့သ်လန်က စစ်ပွဲဇုန်ထဲသို့ ဆင်းသက်သွားတဲ့ သဘောသက်ရောက်သွားပါတယ်" လို့ ဒေးဗစ်ကော့တ်က သောကြာနေ့တွင်ရေးသားခဲ့ပါတယ်။
ဆန္ဒပြသူများက ထိန်းသိမ်းရေးစခန်းကို မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြောင်း သူမက ရေးသားခဲ့ပါတယ်။
တနင်္လာနေ့ ကပို့သ်လန် အိုက်စ် ထိန်းသိမ်းရေး စခန်းတွင် ဆန္ဒပြမှု စတင်ဖြစ်ပြီးနောက်မှာ အဓိကရုဏ်း ဆက်လက်ဖြစ်ပွားကာ ရဲတွေနဲ့ ထိပ်တိုက်တွေ့မှုဖြစ်လာခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး လူလေးဦးကို တရားစွဲဆိုထားကြောင်း အမေရိကန်ရှေ့နေရုံးမှ ကြေငြာခဲ့ပါတယ်။ တရားခံတစ်ဦးကိုတော့ မီးရှို့မှုဖြင့် တရားစွဲဆိုခဲ့ပါတယ်။ အမေရိကန် ဒုတိယရှေ့နေချုပ်တော့ဒ် ဘလန်ချေ က တရားရေးဌာနသည် ဆူပူအုံကြွမှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment