အမေ့လျော့ခံ (အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် သတိတရဂုဏ်ပြု ချီးမြောက်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေ့လျော့ခံ (အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် သတိတရဂုဏ်ပြု ချီးမြောက်လှူဒါန်းပွဲ အခမ်းအနားကျင်းပ










ကြံခင်း၊ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြတ်ဒါန စေတနာဆေးခန်း အစည်းအဝေး ခန်းမ၌ ဆရာကြီး ဦးတင်ညွန့်၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၁၀ နာရီက အမေ့လျော့ခံ (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ငွေကျပ် (၅၀၀,၀၀၀ိ/-)နှုန်းဖြင့် သတိတရဂုဏ်ပြုချီးမြောက် လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် စာရေးဆရာ ဦးတင်ညွန့်(ပညာရေးဌာန-ငြိမ်း)က လှူဒါန်းပေးရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို အမေ့လျော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ၂၀၁၅ ခုနှစ်မှစတင်ကာ လှူဒါန်းပေးလျက်ရှိကြောင်း၊ စေတနာအလှူရှင်များက ကူညီပံ့ပိုးမှုဖြင့် ထိုက်သင့်သော ငွေပမာဏကို လှူဒါန်းပေးနိုင်ခဲ့ပါကြောင်း၊ ပညာရေးဌာနမှ အငြိမ်းစားယူထားသော ဆရာကြီး၊ ဆရာမကြီးများထဲမှ ဆင်းရဲချို့တဲ့စွာ နေထိုင်ရသူများနှင့် ကျန်းမာရေးမကောင်းသူများကို ဦးစားပေးပြီး တစ်မြို့နယ် (၁၀)ဦးစီ လှူဒါန်းပေးလျက်ရှိကြောင်း၊ လစဉ် လှူဒါန်းနိုင်ရေး အတွက် အလှူရှင်စာပေမိတ်ဆွေများက ထည့်ဝင်လှူဒါန်းမှုအပေါ်တွင် စုပေါင်းပြီး လိုက်လံလှူဒါန်းရခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။ ထို့နောက်  စာရေးဆရာ ဦးတင်ညွန့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေမင်းထွန်းနှင့် တာဝန်ရှိသူများက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင် ငွေကျပ် (၅၀၀,၀၀၀ိ/-) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅,၀၀၀,၀၀၀ိ/-)ကို ကန့်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ထံသို့ အသီးသီး လှူဒါန်းပေးခဲ့ကြသည်။ 

ဆက်လက်၍ မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာမကြီး ဒေါ်စန်းစန်းဌေးက ကြံခင်းမြို့နယ်ရှိ ကန့်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ကျေးဇူးစကားပြန်လည် ပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါအခမ်းအနားကို (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကြံခင်းမြို့နယ်ရှိ စာရေးဆရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)