ပျော်ဘွယ်၊ ဇူလိုင် ၆
ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် တွေ့ဆုံပွဲကို ယမန်နေ့ (၅-၇-၂၀၂၅) ရက်နေ့က ပြုလုပ်ခဲ့ရာပါ ဦးသောင်းအေး က ပါတီတွင်း စည်းလုံးညီညွတ်ရေးကိုလည်း ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းမြင့်၊ ပျော်ဘွယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိူင်ညွန့်နှင့်ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီးတွင် ငလျင်ဘေး ဒဏ်သင့်ပြည်သူများ၊ ပါတီဝင်မိသားစုများအား ကူညီကယ်ဆယ် ထောက်ပံ့ရေးနှင့်ပတ်သက်၍ ပါတီဌာနချုပ်မှ ဆောင်ရွက်ခဲ့မှုများ၊ လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် ပါတီဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသော အောင်နိုင်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများအနေဖြင့် ယခုအချိန်တွင် ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းစဉ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးပင်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အားလုံး မပျက်မကွက်မဲပေးရေး၊ ပါတီဝင်များ၏ မိသားစုအားလုံး မဲပေးရေး၊ ပါတီဝင်များ၏ မိတ်ဆွေများ၊ ပါတီဝန်းရံသူများအားလုံး မဲပေးရေးသည် အဓိက အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ပါတီ၏ မူဝါဒ၊ သဘော ထားများနှင့် ပါတီ၏ ဆောင်ရွက်ချက်များကို ပြည်သူများသိအောင် ပြောပြစည်းရုံးကြရမည်ဖြစ် ကြောင်း၊ နိုင်ကိုနိုင်ရမည်ဟာသော အောင်နိုင်လိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်ရေးကိုလည်း ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသူများမှ ရပ်ရွာ အေးချမ်းတည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment