တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် လေးစားအတုယူဖွယ် စွမ်းဆောင်နိုင်လွန်းသူ (အပိုင်း - ၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် လေးစားအတုယူဖွယ် စွမ်းဆောင်နိုင်လွန်းသူ (အပိုင်း - ၂)










ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ  Mr.Bakytzhan Abdirovich Sagintayev နဲ့တွေဆုံ

ခရီးစဉ်ဒုတိယရက်(ဇွန်လ ၂၆ ရက်နေ့) ဒေသစံတော်ချိန် မနက် ၉ နာရီမှာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ Minsk International Exhibition Center BELEXPO သို့ သွားရောက်ပြီး ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ  Mr.Bakytzhan Abdirovich Sagintayev နဲ့တွေ့ဆုံကာ မြန်မာနိုင်ငံနဲ့ EAEU အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မယ့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေး၊  သတ္တုတူးဖော်မှုဆိုင်ရာ နည်းပညာမြှင့်တင်ရေးနဲ့ စွမ်းအင်ကဏ္ဍမြှင့်တင်ရေးတို့မှာ နည်းပညာပိုင်းဆိုင်ရာ၊ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ လုပ်ဆောင်သွားနိုင်မယ့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံနဲ့ EAEU အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း၊ ကုန်စည်ပြပွဲများ၊ ဖိုရမ်များကျင်းပခြင်း တို့ဖြင့် စီးပွားရေးကုန်သွယ်မှု အခွင့်အလမ်းကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ့် ကိစ္စရပ် များ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများစွာကို ဖော်ဆောင်ပေး နိုင်မယ့်ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။


ဆေးဝါးစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ

အဲဒီနောက် ဆက်တိုက်ဆိုသလိုပဲ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့သွားရောက်ပြီး ဆေးဝါးကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဆေးဝါးပြခန်းများ၊ ဆေးကုသရာမှာအသုံးပြုတဲ့ စက်ကိရိယာများကို ကြည့်ရှု လေ့လာကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliaksandr Khajayeu နဲ့ ဆေးဝါးစက်ရုံအစည်းအဝေးခန်းမမှာတွေ့ဆုံကာ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှထုတ်လုပ်တဲ့ ဆေးနဲ့ ဆေးပစ္စည်းဆိုင်ရာများကို မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍမှာ အသုံးပြုသွားနိုင်မယ့်အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနဲ့ မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူ တို့   အသေးစိတ်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမယ့် အခြေအနေများနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဟိုတယ်သို့ ပြန်သွားပြီး နေ့ခင်းအချိန်လွန်မှ နေ့လယ်စားကို သုံးဆောင်ခဲ့ကြရပါတယ်။ နေ့လယ်စာသုံးဆောင်ပြီးချိန်မှာလည်း နိုင်ငံတော်အကြီး အကဲဟာ မနားနိုင်သေးဘဲ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက် မိန့်ခွန်းပြောကြားဖို့ ပြင်ဆင်နေခဲ့ပါတယ်။


စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) သို့ တက်ရောက်မိန့်ခွန်းပြောကြား

ဒေသစံတော်ချိန် ညနေပိုင်းမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကျင်းပလျက်ရှိတဲ့ မင့်စ်မြို့ရှိ  Minsk International Exhibition Center BELEXPO သို့ သွားရောက်ပြီး စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) မျက်နှာစုံညီအစည်း အဝေးကို ပါဝင်တက်ရောက်ကာ “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ-ရလဒ်များနှင့်အလားအလာများ” (Strategy of the Eurasian Economic Integration: outcomes and prospects) ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီအစည်း အဝေးမှာ နိုင်ငံတော်အကြီးအကဲ ပြောကြားခဲ့တဲ့ မိန့်ခွန်းအသေးစိတ်ကိုတော့ သတင်းစာတွေမှာ ထုတ်ပြန်ဖော်ပြထားတာကြောင့် စာရှည်နေမှာစိုးလို့ ထပ်ပြီးမပြောတော့ပါဘူး။ အဲဒီနေ့မှာလည်း တည်းခိုမယ့်ဟိုတယ်သို့ ဒေသစံတော်ချိန် ည ၁၀ နာရီ ကျော်မှ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ပြန်လည်ရောက်ရှိတဲ့အချိန်မှာ နောက်တစ်နေ့အစီအစဉ်နဲ့ နိုင်ငံအတွင်းက လုပ်ငန်းဆောင်တာ တင်ပြချက်တွေကိုစိစစ်ပြီး စီမံညွှန်ကြားဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတော် အကြီးအကဲရဲ့ ချစ်ကြည်ရေးခရီးစဉ် ဒုတိယနေ့မှာလည်း အနားယူရတဲ့ချိန်ဟာ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲ ၁၂ နာရီ ဝန်းကျင်ဖြစ်လို့ ပထမနေ့ထက်ကို ပိုပြီးနောက်ကျမှ အနားယူခဲ့ရတာကို တွေ့ခဲ့ရပါတယ်။ 

 

အပိုင်း(၃) အားဆက်လက်ဖော်ပြပါမည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)