ဇူလိုင် - ၁၉ ( စနေနေ့ )
ဩစတြီးယား မိုးပျံခုန်ချသမား ဖိလစ်ဘမ်ဂါတ်နာ တစ်ယောက် အီတလီမှာ ဂလိုက်ဒါစီးရင်း မတော်တဆမှုဖြစ်မှု တစ်ခုနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိလစ်က ၂၀၁၂ တုန်းက အာကာသမှ ကမ္ဘာပေါ်ကို အလွတ်ခုန်ချပြပြီး စံချိန်ချိုးခဲ့လို့ ကမ္ဘာကျော်ခဲ့တဲ့သူဖြစ်ပါတယ်။
ဒေသတွင်း မီဒီယာများ၏ အဆိုအရ အသက် ၅၆ နှစ်အရွယ် အမျိုးသားသည် ဂလိုက်ဒါ ပျံသန်းနေစဉ်အတွင်း သတိလစ်သွားပြီး ဟိုတယ်တစ်ခုကို ဝင်တိုက်မိပြီး ရေကူးကန်ထဲကို ပြုတ်ကျသွားခဲ့တာပါ။ အမျိုးသမီး ဝန်ထမ်းငယ်တစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရပါတယ်။ သူ ပျက်မကျမီ နာရီအနည်းငယ်က သူ့ရဲ့ အင်စတာဂရမ်မှာ "လေအရမ်းတိုက်နေတယ်" ဆိုတဲ့ စာတန်းနဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့သေးပါတယ်။
သူရဲ့ သေဆုံးခြင်း နဲ့ပတ်သက်လို့ အီတလီမြို့တော်ဝန်တစ်ဦးက "ကမ္ဘာ့ထင်ရှားကျော်ကြားတဲ့ ပြင်းထန်တဲ့ အားကစားတွေနဲ့ ပတ်သက်ပြီး ရဲရင့်မှုနှင့်စိတ်အားထက်သန်မှု သင်္ကေတဖြစ်တဲ့ ဖိလစ် ဘမ်ဂါတ်နာ ရဲ့ ဝမ်းနည်းဖွယ် ပျောက်ဆုံးမှုက ကျနော်တို့ လူမှုအသိုင်းအဝိုင်းကို အလွန်ထိခိုက်စေပါတယ်" လို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။
ဖိလစ်ကို ပံ့ပိုးပေးတဲ့ စွမ်းအင်အချိုရည်ကုမ္ပဏီ Red Bull ကလည်း ၎င်း၏သေဆုံးမှုကို ဩစတြီးယား အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာန ORF ထံ အတည်ပြုခဲ့ပြီး သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပါအစီရင်ခံစာများကို ဂျာမနီ dpa သတင်းဌာနသို့ အတည်ပြုခဲ့ပါတယ်။
ဖိလစ်က ဩစတြီယားနိုင်ငံ ဆားလ်ဘာဂ်မြို့မှာ တွင်မွေးဖွားပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ပီထရိုနတ် မျှော်စင် နဲ့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျန်နီယို ရှိ ခရစ်တော်၏ ကယ်တင်ရှင်ရုပ်တုကဲ့သို့သော အထင်ကရ အဆောက်အဦများမှ ခုန်ချပြကာ ကြီးကျယ်ခမ်းနားသော အခုန်သမား နှစ်များစွာကြာအောင် ထိန်းသိမ်းထားခဲ့သူဖြစ်ပါတယ်။
၂၀၁၂ အောက်တိုဘာလတွင် ကမ္ဘာမြေပြင်အထက် ၃၉ ကီလိုမီတာ (၂၄ မိုင်) နီးပါးအကွာတွင် ဟီလီယမ် မီးပုံးပျံတစ်ခုမှ ခုန်ချပြခဲ့ပြီး အမြင့်ဆုံးလူလိုက်ပါသော မီးပုံးပျံ ပျံသန်းမှုဖြစ်ကာ အဲ့ဒိတုန်းက အမြင့်ဆုံး အလွတ်ခုန်ချသူအဖြစ် ကမ္ဘာကျော်ခဲ့တာပါ။
REF: DW
https://t.me/MyanmarNationalPost


No comments:
Post a Comment