မြောက်ကိုရီးယားနဲ့ ပြန်ပေါင်းဖို့ အစီအစဉ်မရှိဘူးလို့ တောင်ကိုရီးယား သမ္မတဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ကိုရီးယားနဲ့ ပြန်ပေါင်းဖို့ အစီအစဉ်မရှိဘူးလို့ တောင်ကိုရီးယား သမ္မတဆို



ဩဂုတ်လ - ၁၆ ( စနေနေ့ ) 

တောင်ကိုရီးယားသမ္မတ လီဂျေမြောင် က မြောက်ကိုရီးယားရဲ့ နိုင်ငံရေးစနစ်အား လေးစားရန် ကတိပြုခဲ့ပြီး ဆိုးလ်သည် ကိုရီးယားကျွန်းဆွယ်လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် တောင်ကိုရီးယား ဘက်ကနေ ပြန်လည်ပေါင်းစည်းရေးကို ကြိုးပမ်းမှာ မဟုတ်ကြောင်း ယမန်နေ့က ပြောကြားခဲ့ပါတယ်။ 

“မြောက်ကိုရီးယားရဲ့ လက်ရှိစနစ်အပေါ် လေးစားမှုရှိကြောင်း အတည်ပြုပါတယ်၊ မြောက်ကိုရီးယားကို တောင်ကိုရီးယာကနေ ဝါးမျိုလိုတဲ့ သဘောတွေ မရှိသလို ၊ ပေါင်းစည်းမှုပုံစံကို လိုက်လျောညီထွေဖြစ်စေမယ့် သဘောလည်းမရှိပါဘူး။ အဲ့လိုပဲ ရန်လိုတဲ့လုပ်ရပ်တွေမှာ ပါဝင်ဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး”လို့  ဆိုးလ်မြို့ရှိ ဆီဂျောင်း  ဖျော်ဖြေရေးစင်တာတွင် ပြုလုပ်သည့် အခမ်းအနားတွင် လီ က ပြောကြားခဲ့ပါတယ်။

ဂျပန်ရဲ့ ၁၉၁၀-၁၉၄၅ ခုနှစ် ကိုလိုနီ အုပ်ချုပ်မှု ပြီးဆုံးသည့် ကိုရီးယား လွတ်မြောက်ရေးနေ့ အထိမ်းအမှတ်ပွဲ နဲ့  အားလပ်ရက်ကိုလည်း မြောက်ကိုရီးယားတွင် ကျင်းပပါတယ်။

လီ၏ အစိုးရအဖွဲ့က ဇွန်လတွင် စတင်တာဝန်ယူကတည်းက ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီကနေ့ ၎င်း၏မိန့်ခွန်းတွင် ၎င်းက မြောက်ကိုရီးယားနှင့် ဆက်ဆံရာတွင် ယခင်အစိုးရ လက်ထက်က သဘောထားတင်းမာသော ချဉ်းကပ်မှုမျိုးကို ဖြုတ်ချမယ်လို့ ဆိုပါတယ်။ 

“မရေမတွက်နိုင်တဲ့ အတက်အကျတွေနဲ့ ထိန်းထားခဲ့ရတဲ့ ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးမှုဟာ အရင်အစိုးရလက်ထက်မှာ လုံးဝရပ်တန့်သွားခဲ့ပါတယ်။ ရှေ့ဆက်ပြီး တင်းမာမှုတွေကို သိသိသာသာ လျှော့ချပြီး ယုံကြည်မှုတွေ ပြန်လည်ရရှိဖို့ ကျနော်တို့ အစိုးရအနေနဲ့ တသမတ်တည်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ဆိုသွားပါတယ်။


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)