မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်တွင်းပြည်ပ (ပ)သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တ ဝိမလာဘိဝံသ ဟောကြားတော်မူသည့် (၃၈)မင်္ဂလာ နှင့်ယဉ်ကျေးလိမ္မာအ ထောက်အကူပြု ကလေးအထူးတရားပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန် (ဆ)ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ဓမ္မသဘင်သို့ တက်ရောက်လာကြ သောဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ တာ၀န်ရှိ သူများ ၊ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများက နမော တဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ပြည်တွင်းပြည်ပ (ပ)သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တ ဝိမလာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ပြည်တွင်းပြည်ပ (ပ) သုံးလုံးသာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တ ဝိမလာဘိဝံသ ထံမှ (၃၈)ဖြာမင်္ဂလာ နှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု တရားများ နာယူကြပြီး ဆရာတော်အရှင်သူမြတ်အား တာ၀န်ရှိသူများက နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်တွင်းပြည်ပ (ပ) သုံးလုံးသာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ထံမှ ရေစက်ချတရား နားယူကြပြီး လှူဒါန်းမှုကုသိုလ်အစုစုတို့အား ရေစက်သွန်ချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြုဆုတောင်း၍ ဓမ္မသဘင်အခမ်းအနား ရုတ်သိမ်းခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment