မြောက်ဥက္ကလာပ၊ ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို အဖြစ် အခြေခံပညာ ကျောင်းများတွင် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။
အဆိုပါ ၂၀၂၆ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကျင်းပရာတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “စည်းလုံးခြင်းသည်ခွန်အား ပြည်ထောင်စုဖွား ညီနောင်များ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ များ ပါ၀င်ယှဉ်ပြိုင်လျက်ရှိပြီးကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ် စောင့်ကြပ်ပေးခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News

No comments:
Post a Comment