စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဈေးရောင်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းနှင့် တာဝန်ရှိသူများက ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုအလှ သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
အဆိုပါဈေးရောင်းပွဲတော်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဒေသထွက် အစား အစာများနှင့် လက်မှုအနုပညာပစ္စည်း ဆိုင်ခန်း (၁၈)ခန်း ပါဝင်ကြပြီး ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်
#MNP #News


No comments:
Post a Comment