အိမ်မဲ၊ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မိုးကုတ် (၂၉) ကျောင်းတိုက်၌ ဒွါဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်န့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို ကြွရောက်လာသော ဆရာတော်အရှင်သူမြတ်များနှင့် အခမ်းအနားတက်ရောက်လာသူများက “နမောတဿ”(၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာကမ္မဌာနာစရိယ ဆရာတော်ဘဒ္ဒန္တမဟိန္ဒက သြဝါဒစကားမိန့်ကြားချီးမြှင့် ပေးခဲ့သည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သာသနာရေးဆိုင်ရာကိစ္စများ၊ အိမ်မဲမြို့နယ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်အဖွဲ့ဥက္ကဋ္ဌ မင်္ဂလဓမ ဇောတိကဓဇဆရာကြီး ဦးနေဝင်းကြည်က ဂုဏ်ပြုဆုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်များ၊ အိမ်မဲမြို့နယ် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ သင်တန်းတာဝန်ခံ ဦးရဲသွေးက သင်တန်းဆိုင်ရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
ယင်းနောက် ဒွါဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဂုဏ်ပြု ဆုချီးမြှင့် ခြင်းအခမ်းအနားကျင်းပရာ ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ (၁)ဦး၊ အထူးအောင် (လယ်) (၂)ဦး၊ ထူးချွန် (မူ) (၁) ဦး၊ အလယ်တန်းဂုဏ်ထူး (၆)ဦး၊ မူလတန်းဂုဏ်ထူး (၇)ဦး၊ အလယ်တန်းရိုးရိုး (၄၁)ဦး၊ မူလတန်းရိုရိုး (၃၈)ဦး တို့အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ချစ်သက်လယ်
#MNP #News

No comments:
Post a Comment