လာအိုကတော့ တရုတ်ကို လျှပ်စစ်မီးရောင်းစားတာ တိုးပြီးလုပ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လာအိုကတော့ တရုတ်ကို လျှပ်စစ်မီးရောင်းစားတာ တိုးပြီးလုပ်နေ




ဖေဖော်ဝါရီ - ၉ ( တနင်္လာနေ့ ) 

လာအို-တရုတ် ၅၀၀ ကီလိုဗို့ ဓာတ်အားလိုင်းအား ဖေဖော်ဝါရီ ၅ ရက်နေ့က အပြည့်အဝ ချိတ်ဆက်နိုင်ခဲ့ပြီး ဖြစ်လို့ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်မှုများ အားကောင်းလာကာ ဒေသတွင်း သန့်ရှင်းသော စွမ်းအင်ကုန်သွယ်မှုကို ပံ့ပိုးပေးခဲ့ပါတယ်။ 

အဆိုပါ စီမံကိန်းသည် လာအိုနိုင်ငံ အူဒွန်ဆေးပြည်နယ် နမောခရိုင်ရှိ ၅၀၀ ကီလိုဗို့ နမော ၃ ဓာတ်အားပေး စက်ရုံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၅၀၀ ကေဗီ ရှီရှောင်ဘန်နား ဓာတ်အားပေးစက်ရုံတို့ကြား လာအိုဘက်ခြမ်း ၃၂.၅ ကီလိုမီတာ အပါအဝင် ၁၇၇.၅ ကီလိုမီတာ ရှည်လျားတဲ့ ကေဘယ်ကြိုးသွယ်တန်းမှုဖြစ်ပါတယ်။ 

လျှပ်စစ်မီးရရှိရေး လာအို- သွယ်တန်းခြင်းကဏ္ဍကို လာအိုနိုင်ငံဘက်အခြမ်းမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပြီး သွယ်တန်းခြင်းလုပ်ငန်းကို ရင်းနှီးမြှပ်နှံကာ တည်ဆောက်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုဖြင့် အချိန်ဇယားမတိုင်မီ ဆက်သွယ်မှုပြီးစီးခဲ့ပါတယ်။ သွယ်တန်းထားသော လိုင်းအား ယခုနှစ် ဧပြီလတွင် အပြည့်အဝ လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားပါတယ်။ 

အဆိုပါလိုင်းတွင် ၁.၅သန်း ကီလိုဝပ်အား နှစ်ကြိုးသွယ်တန်း ထုတ်လွှင့်နိုင်မှာဖြစ်ပြီး နှစ်စဉ် သန့်ရှင်းသော စွမ်းအင် ကီလိုဝပ်နာရီ ၃ ဘီလီယံခန့် ပို့လွှတ်နိုင်မှာဖြစ်ပါတယ်။ နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၂.၅ သန်းခန့် လျှော့ချရန် မျှော်လင့်ထားပြီး မဲခေါင်-လန်ချန်း ဒေသခွဲတွင် လျှပ်စစ်ဓာတ်အား ချိတ်ဆက်မှုနှင့် သန့်ရှင်းသော စွမ်းအင်အသုံးပြုမှုအတွက် လမ်းကြောင်းသစ်တစ်ခု ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ 

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ စည်းမျဉ်းများကို အပြည့်အဝလိုက်နာကြောင်း စီမံကိန်းရေးဆွဲသူများက ဆိုပါတယ်။ လမ်းကြောင်းများ ကောင်းမွန်အောင် ပြုပြင်ခြင်း၊ ခေတ်မီနည်းပညာများနှင့် သစ်တောများ ပြန်လည် ပြုပြင်ခြင်းသည် ပို့လွှတ်စင်္ကြံတစ်လျှောက် သစ်တောပြုန်းတီးမှုကို ၈၃ ရာခိုင်နှုန်းကျော် လျော့ကျစေပြီး သစ်တော ဂေဟစနစ်များကို ကာကွယ်ရန် ကူညီပေးတယ်လို့ ဆိုပါတယ်။ 

မပေါက်ကွဲသေးသော လက်နက်များ ရှင်းလင်းရေး ဧရိယာအား ပတ်၀န်းကျင်ရှိ ရပ်ရွာများအတွက် ဘေးကင်းစေရန် သွယ်တန်းထားသောကြိုးများ နှစ်ဖက်စလုံးတွင်နေရာအကျယ် မီတာ ၇၀ အထိ တိုးချဲ့ထားကြောင်းကိုလည်း ဆိုပါတယ်။  


REF: Vientieaine Times

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)