ဖေဖော်ဝါရီ - ၉ ( တနင်္လာနေ့ )
စပေ့အိတ်စ်ကုမ္ပဏီက ၎င်းရဲ့အေအိုင်နှင့် ဆိုရှယ်မီဒီယာကုမ္ပဏီ အိတ်စ်အေအိုင် ကို ယခုသီတင်းပတ်တွင် ဝယ်ယူပြီးနောက်တွင် အီလွန်မက်စ်က ဒေါ်လာ ၈၀၀ ဘီလီယံ သို့မဟုတ် အဲ့ဒိထက်ပိုတဲ့ ပမာဏကို ပိုင်ဆိုင်သွားပါတယ်။ အဲ့ဒါက လူတစ်ဦးတည်းရဲ့ပိုင်ဆိုင်မှု အများဆုံးရှိတဲ့ ပထမဆုံးလူသား ဖြစ်လာခဲ့ပါတယ်။
ဖိုဘီမဂ္ဂဇင်း ရဲ့ ခန့်မှန်းချက်အရ မက်စ်ပိုင်တဲ့ကုမ္ပဏီတွေထဲကို အခြားကုမ္ပဏီတွေ ဒေါ်လာ ၁.၂၅ ထရီလျံ တန်ဖိုးရှိသော ပေါင်းစည်းမှုကြောင့် မက်စ်ရဲ့ ချမ်းသာကြွယ်ဝမှုထဲသို့ ဒေါ်လာ ၈၄ ဘီလီယံ ပေါင်းထည့်ခဲ့လို့ သူက စံချိန်တင် ဒေါ်လာ ၈၅၂ ဘီလီယံအထိ ရှိသွားပြီလို့ သိရပါတယ်။
မက်စ်ရဲ့ ကံကြမ္မာက ခေတ်သစ် ကြွယ်ဝမှု တွက်ချက်မှုအောက်တွင် မှတ်တမ်းတင်ထားသော မည်သည့်ပုဂ္ဂိုလ် ထက်မဆို ကျော်လွန်ကာ ဂျွန်ဒီရော့ခ်ဖဲလာ၊ ဂျက်ဖ်ဘီဇော့ဖ် နဲ့ ဘီလ်ဂိတ်တို့ရဲ့ ပိုင်ဆိုင်မှုတွေထက် အများကြီး ကျော်တက်သွားခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ်က မက်စ် သည် လေးလအတွင်း စံချိန်တင်ပိုင်ဆိုင်မှု မှတ်တိုင် ၄ ခု ကိုစိုက်ထူနိုင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ရဲ့ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) မှ နုတ်ထွက်ပြီးနောက် Tesla ၏ စတော့ရှယ်ယာများ တက်လာခဲ့လို့ ကန်ဒေါ်လာသန်းပေါင်း ၅ သိန်းကျော် ပိုင်ခဲ့ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများက စပေ့အိတ်စ်ကို သြဂုတ်လတွင် ဒေါ်လာဘီလီယံ ၄၀၀ မှ ၈၀၀ ဘီလီယံ ထည့်ခဲ့တဲ့ အတွက်ကြောင့် မက်စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုက ကန်ဒေါ်လာ သန်းပေါင်း ၆ သိန်းကျော်ခဲ့ပါတယ်။ အဲ့လိုဖြစ်ပြီး လေးရက်အကြာတွင်၊ ဒဲလာဝဲတရားရုံးချုပ်က မက်စ်ရဲ့ တက်စလာ စတော့ရှယ်ယာရွေးချယ်မှုများကို ပြန်လည်ရယူပေးခဲ့လို့ သူရဲ့ကြွယ်ဝမှုက ကန်ဒေါ်လာ သန်းပေါင်း ၇ သိန်း အထိ ရှိလာခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment