နျူကိစ္စနဲ့ပတ်သက်လာရင် ထရမ့်ကို အာခံမယ်လို့ အီရန်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

နျူကိစ္စနဲ့ပတ်သက်လာရင် ထရမ့်ကို အာခံမယ်လို့ အီရန်ဆို


ဖေဖော်ဝါရီ - ၉ ( တနင်္လာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်သည် “နျူသုညကြွယ်ဝမှု” မူဝါဒကို သဘောတူရန် တောင်းဆိုထား ပေမဲ့  အီရန်ကတော့ စစ်ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုအောက်တွင်ပင် ၎င်းရဲ့ ယူရေနီယံ သန့်စင်မှုစွမ်းရည်ကို လက်လွှတ်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အာဘာစ် အာရာဂ်ချီ က ပြောကြားခဲ့ပါတယ်။  

တနင်္ဂနွေနေ့က တီဟီရန်မြို့တွင်ပြုလုပ်တဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမျိုးသား ကွန်ဂရက်တွင် အာရာဂ်ချီက မိန့်ခွန်းပြောကြားပြီး နျူသန့်စင်ခြင်းနဲ့ ယူရေနီယံ ကြွယ်ဝလာအောင် လုပ်ခြင်းက နိုင်ငံတော်ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာမှာ အမြစ်တွယ်ပြီးရှိနေရမယ့် တရားဝင်အခွင့်အရေးဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ 

"ကျနော်တို့ကတော့ ယူရေနီယံသန်စင်တဲ့ လုပ်ငန်းတွေကို မဖြစ်မနေကို ဆက်လုပ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လက်မလျှော့နိုင်လို့ပါပဲ။ စစ်ဖြစ်လာမယ်ဆိုရင်တောင် ကျနော်တို့က ဆက်လုပ်မှာပဲ။ ကျနော်တို့မှာ ဘာတွေရှိသင့်တယ်၊ ဘာတွေ မရှိသင့်ဘူးဆိုပြီး ဘယ်သူမှာမှ ပြောပိုင်ခွင့်မရှိပါဘူး။  ဒါကြောင့် ကျနော်တို့ကတော့ မဖြစ်မနေဆက်လုပ်သွားမှာပဲ" လို့ပြောသွားပါတယ်။ 

သို့သော်လည်း အီရန်သည် ၎င်းရဲ့နျူကလီးယားအစီအစဉ်အပေါ် စိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် ယင်းကိစ္စအပေါ် ယုံကြည်မှုတည်ဆောက်ရန် လမ်းဖွင့်ထားကြောင်း အာရာဂ်ချီက ပြောကြားခဲ့ပါတယ်။ "ကျနော်တို့ရဲ့ နျူကလီးယားအစီအစဉ်က ငြိမ်းချမ်းသော ရည်ရွယ်ချက်များနဲ့(နျူလက်နက်ထုတ်ရန်မဟုတ်)  ပတ်သက်၍ မေးခွန်းများ သို့မဟုတ် မရှင်းလင်းမှုများ ရှိပါက၊ ကျနော်တို့က တုံ့ပြန်ပြီး မရေမရာမှုများကို ဖယ်ရှားပေးမှာပါ။ တစ်ခုတည်းသောနည်းလမ်းကတော့ သံခင်းတမန်ခင်းအားနဲ့ပဲ လာမှဖြစ်မှာပါ” 

မနှစ်က အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်မှုက လိုချင်တဲ့ရလဒ်ကို မပေးနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။ “အသိပညာကို ဗုံးတွေနဲ့ ကျဲချလို့မရပါဘူး။ ဗုံးကျဲတိုက်ခိုက်တာက အဆောက်အဦတွေကို ဖျက်ဆီးနိုင်ပေမယ့် နည်းပညာကိုတော့ ဖျက်ဆီးလို့မရပါဘူး” လို့ အာရာဂ်ချီက ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)