ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာ အရံသင့်ထားရှိတဲ့ ငွေတွေ ဦးကျော်မိုးထွန်း ခိုးသွားပြီလား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာ အရံသင့်ထားရှိတဲ့ ငွေတွေ ဦးကျော်မိုးထွန်း ခိုးသွားပြီလား


ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကျော်မိုးထွန်း ဟာ CRPH, NUG အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက်ဝန်ထမ်းဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးတာဝန်ခံ ပြောင်းလဲခန့်အပ်ထားပြီးဖြစ်ပေမယ့် ဦးကျော်မိုးထွန်း ကတော့ အကြမ်းဖက်အဖွဲ့များအတွက် တရားမဝင် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ကုလသမဂ္ဂငွေကြေးအကြပ်အတည်းနဲ့ ပတ်သက်ပြီး VOA အယ်ဒီတာဟောင်း ဦးသန်းလွင်ထွန်း က ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာအရံသင့်ထားရှိတဲ့အဲဒီငွေတွေ ဦးကျော်မိုးထွန်း အလွဲသုံးစားလုပ်လိုက်ပြီလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း က "မြန်မာကုလရုံး ဦးကျော်မိုးထွန်းနဲ့ $2.6 သန်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်းလင်းပြဆို ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ရေးသားဖော်ပြချက်မှာ "အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၀ လောက်က ကုလသမဂ္ဂကြီးထံ နှစ်စဉ်ပုံမှန်ထည်ဝင်ရမဲ့ ရံပုံငွေပေးသွင်းခြင်းမရှိတာကြောင့် ကုလအဖွဲ့ကြီးလုပ်ငန်းရပ်တန့်မဲ့ အန္တရာယ်ရှိနေကြောင်း အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မကြာသေးခင်က ထုတ်ဖေါ်ပြောကြားလိုက်တယ်။ တကယ်တမ်းမှာကအဲဒီနိုင်ငံ ၄၀-၅၀ ဆိုတာက နှစ်နဲ့ချီပျက်ကွက်နေတဲ့ နိုင်ငံတွေကိုဘဲပြောတာ။ 

ဥပမာ - အမေရိကန်က ၂၀၂၅ ကထဲကငွေမသွင်းဘူး (တနှစ်ပျှမ်းမျှ $ 700 milllions)၊ မြန်မာက ၂၀၂၁ ကထဲကငွေမသွင်းဘူး (တနှစ်ပျှမ်းမျှ $ ၃သိန်း)။ ဒီနှစ် ၂၀၂၆ အတွက် နောက်ဆုံးထားပေးသွင်းရမဲ့ ရက်ကန့်သတ်ချက်က ဖေဖေါ်ဝါရီလဆန်းမှာဖြစ်ပေမဲ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့အထိ သိရသလောက်ကတော့ စုစုပေါင်း ၅၂ နိုင်ငံဘဲငွေသွင်းရသေးတယ်။ ကုလအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိတာမို့ လောလောဆယ်မှာ နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ငွေမသွင်းတာ/ငွေသွင်းဘို့နောက်ကျနေတာတွေဖြစ်နေတယ်။ ကုလသမဂ္ဂရဲ့ ငွေကြေးအခက်အခဲအကြောင်း သတင်းတွေမှာဖတ်ရတော့ ကျနော်စိတ်ထဲမှာအချိန်အတော်ကြာကြာက ထဲကရှိနေခဲ့တဲ့မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ အရေးကြီးမေးခွန်းတခုပြန်ပေါ်လာတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၀ အတွက်အချိုးကျကုလရံပုံငွေ $ 280,534 ($၂သိန်း၈သောင်းကျော်)ကို ပေးသွင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၀ ဒီဇင်ဘာလထုတ်ပြန်ချက်မှာတွေ့ရတယ်။ ၂၀၂၁ ကစပြီး မြန်မာနိုင်ငံကငွေမသွင်းတော့တာ ငွေမရှိတော့လို့လား? NY မြို့မြန်မာကုလရုံးဟာ ကုလရေးရာကိစ္စတွေအတွက် သုံးစွဲဘို့အရံငွေတွေကို Bank of America မှာအကောင့်ဖွင့်ပြီးစုဆောင်းထားရှိတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီအထိ $၂.၆ သန်းလောက်ရှိတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာ အရံသင့်ထားရှိတဲ့ အဲဒီငွေတွေဘယ်ရောက်ကုန်လဲ။ ဒီမေးခွန်းတွေအတွက်ကျနော့်မှာ အဖြေတချို့တဝက်ရှိပေမဲ့ အစအဆုံးအမှန်တကယ် ရိုးရိုးသားရှင်းလင်းဖြေကြားရမဲ့သူကတော့ တဦးထဲဘဲရှိပါတယ်။ "ဦးကျော်မိုးထွန်း"ပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်ကအာဏာသိမ်းအပြီး ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက လက်၃ချောင်းထောင်ပြီး သူဟာမြန်မာစစ်အစိုးရအစား NUG ကိုဘဲ ကိုယ်စားပြုသစ္စာခံပါကြောင်းလူသိရှင်ကြားကြေငြာခဲ့တယ်။ CDM လုပ်တာပေါ့။ အဲဒီအချိန်က နယူးရောက်မြို့ ကုလမြန်မာရုံးမှာမြန်မာဝန်ထမ်း ၁၅ ဦးရှိတယ်။ ဦးကျော်မိုးထွန်းတယောက်ဘဲ CDM လုပ်တာ။ ကျန်ဝန်ထမ်း ၁၄ ဦးထဲမှာ မြန်မာပြည်ပြန်ခေါ်သူ/အစားထိုးသူတွေနဲ့ အခုလက်ရှိ ၅ဦးဘဲရှိတာကို UN e-Blue Book မှာစာရင်းဖေါ်ပြထားတာကိုတွေ့ရတယ်။ 

 ၂ပိုင်းကွဲနေတဲ့ NY မြန်မာကုလရုံးမှာ ဦးကျော်မိုးထွန်းကတဖက် ကျန် ၅ ဦးကတဖက်။ ဦးကျော်မိုးထွန်း CDM လုပ်တဲ့ကိစ္စမှာ လူတွေမသိတဲ့အရေးအကြီးဆုံးအချက်တခုရှိတယ်။ NY မြို့မြန်မာကုလရုံးရဲ့ ကုလရေးရာကိစ္စတွေမှာ သုံးစွဲဘို့အရံငွေအဖြစ် Bank of America အကောင့်မှာ အပ်နှံထားတဲ့ငွေ $၂.၆ သန်းကို စီမံခန့်ခွဲခွင့်ရှိသူ /ထုတ်ယူသုံးစွဲခွင့်ရှိသူ Administrator  က သံအမတ်ကြီးဦးကျော်မိုးထွန်းတဦးထဲဘဲ။ သူ CDM လုပ်တဲ့အချိန်မှာ အရံငွေ $ ၂.၆ သန်းလောက်ရှိတယ်။ ဒီအကြောင်းကို သူကအခုချိန်ထိ ထုတ်ဖေါ်မပြောဘူး။ တချိန်က ဝါရှင်တန်မြန်မာသံရုံးက (ဦးအောင်လင်းထွဋ်အပါအဝင်) သံရုံးယာယီတာဝန်ခံတွေ ခိုလှုံခွင့်တောင်းခံတော့ သံရုံးငွေစာရင်းတွေကို အတိအကျစာရင်းပြပြီးချန်ထားခဲ့ပါတယ်။ ဦးအောင်လင်းထွဋ်ဆိုရင် အဲဒီစာရင်းကို ကျနော့်ဆီ (VOA) ကိုပေးပို့ခဲ့ပါတယ်။ ဦးကျော်မိုးထွန်းက "သူဟာ NUG ကိုကိုယ်စားပြုပြီး ကုလသဂ္ဂရေးရာတွေကို လုပ်ဆောင်ပေးနေတာမို့ ဒီရံပုံငွေတွေ ($၂.၆သန်း)ကိုသုံးစွဲနေရပါတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါဆိုသူက ကုလသမဂ္ဂကိုသွင်းစရာရှိတဲ့ငွေတွေ ဘာလို့မသွင်းသလဲ။ အသုံးစားရိတ်တွေကို စာရင်းရှင်းပြဘို့လိုတာပေါ့။ ဦးကျော်မိုးထွန်းဟာ CDM ဆိုပေမဲ့ သူ့ရဲ့လစာ အသုံးစားရိတ်နဲ့ သူ့ကိုကူဘို့ NY ရုံးကို မလိမ့်တပါတ်နည်းနဲ့ခေါ်ယူထားတဲ့ ကမ်ဘောဒီးယားမြန်မာသံရုံးက စာရေးဝန်ထမ်းအမျိုးသမီးနဲ့  အစ္စရေးမြန်မာသံရုံးက စာရေးဝန်ထမ်းအမျိုးသား (သူအပါအဝင်စုစုပေါင်း ၃ ဦး) ကိုဘဲ သူ့သဘောနဲ့သူ လစာတွေဆက်ပြီး ခံစားခွင့်ပေးနေတယ်လို့ယူဆရတယ်။ သူဟာ မြန်မာနိုင်ငံကုလရုံးက ပိုင်ဆိုင်တဲ့ သံအမတ်ကြီးနေအိမ်မှာဆက်နေနေတာမို့ အိမ်ငှါးခတွေဘာတွေလဲပေးစရာမလိုပါဘူး။ သူမလိမ့်တပါတ်နဲ့ NY ရုံးမှာ စာရေးဝန်ထမ်းတွေကို ခေါ်သုံးနေတယ်လို့ပြောရတာက ဒီလူ၂ယောက်ဟာ သူတို့ CDM လုပ်တဲ့ ကမ်ဘောဒီးယားနဲ့ အစ္စရေးနိုင်ငံတွေကနေ အမေရိကားကို ဘယ်လိုရောက်လာကြမှန်းမသိရလို့ပါ။ ဒီလူတွေကို UN e-Blue book ထဲက ကုလသမဂ္ဂမြန်မာရုံးဝန်ထမ်းစာရင်းမှာလဲမတွေ့ရပါဘူး။ UN e-blue book မှာဖေါ်ပြထားတဲ့ ကျန်တဲ့ မြန်မာအရာရှိဝန်ထမ်း ၅ ဦးဟာ မြန်မာအစိုးရကို ကိုယ်စားပြုဆဲဖြစ်တာမို့ မြန်မာအစိုးရဘက်က ပုံမှန်လစာပေးပါတယ်။" လို့ ဆိုပါတယ်။

ဦးသန်းလွင်ထွန်း က "အရေးအကြီးဆုံးအချက်ကိုပြန်လှည့်ရအောင်ပါ။ ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးရဲ့ Bank Of America အကောင့်ထဲက အရံငွေ $၂.၆ သန်း ဘယ်ရောက်သွားပါသလဲ။ တဦးထဲ စီမံခန့်ခွဲပိုင်ခွင့် သုံးပိုင်ခွင့်ရှိသူ"ဦးကျော်မိုးထွန်း" ကိုယ်တိုင်ဘဲရှင်းရမဲ့အချက်ပါ။ ဘာဘာညာညာတွေ ဒီထက်ပိုပြီးမစွပ်စွဲချင်ပါဘူး။ အားလုံးသိသင့်တဲ့ကိစ္စတခုဖြစ်ကြောင်းဘဲ ထောက်ပြတာပါ။ လူတွေက"တခြား Fundraisers တွေ နွေဦးရံပုံငွေတွေ ထောက်ပို့တွေ ပရောဂျက်အလွဲသုံးမှုတွေ"အကြောင်းဘဲ အာရုံရောက်နေတော့ အများသိသင့်တဲ့ဒီကိစ္စကြီးကို"မျက်စိသျှမ်း"နေကြတယ်။ "ဦးကျော်မိုးထွန်းကိုယ်တိုင် ရှင်းပြလိုက်တာ အကောင်းဆုံးးလို့တိုက်တွန်းပါရစေ" ဆိုပြီး ဖော်ထုတ် ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးကျော်မိုးထွန်း ရဲ့ ရှင်းလင်းချက်ကတော့ ထွက်မလာပါဘူး။ CRPH, NUG ပြည်ပြေး အုပ်စုတွေကြားမှာ ငွေကြေးအလွဲသုံးစားမှု ပြဿနာတွေ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဦးကျော်မိုးထွန်း သည်လည်း CRPH, NUG အဖွဲ့ဝင်များနည်းတူ ကုလရုံးရန်ပုံငွေအတွက် ထားရှိတဲ့ ပြည်သူပိုင်ငွေတွေကို အလွဲသုံးစား လုပ်ခဲ့သလား စိစစ်ဖော်ထုတ်ရမယ့် အချက်ဖြစ်ပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)