မိုင်းရယ်၌ (၂၆)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းရယ်၌ (၂၆)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကျင်းပ


မိုင်းရယ်၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ (၂၆) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီမှစ၍ အမှတ် (၃) ရပ်ကွက်၊ ဆိုင်မိန်းကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၃ ကျောင်းမှ အခြေပြုမူလတန်းဆင့် သာမဏေ ၁၁၇ ပါး၊ ပထမဆင့် (ပထမနှစ်) သာမဏေ ၁၅၇ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၁၉ ဦး၊ ပထမဆင့် (ဒုတိယနှစ်) သာမဏေ ၆၆ ပါး၊ လူပုဂ္ဂိုလ် ၃ ဦး၊ ပထမ ဆင့်(တတိယနှစ်) သာမဏေ ၃၂ ပါး၊ ဒုတိယဆင့် (ပထမနှစ်) သာမဏေ ၁ ပါး၊ ဒုတိယဆင့် (ဒုတိယနှစ်) သာမဏေ ၃ ပါး၊ စုစုပေါင်း သာမဏေ ၃၇၁ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၂၇ ဦးတို့မှ ဝင်ရောက်ဖြေဆိုခဲ့သည်။

အဆိုပါစာမေးပွဲတွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပဏ္ဍိတဓမ္မ (မိုင်းဟိန်းကျောင်းတိုက်ဆရာတော်)၊ အကျိုးတော်ဆောင်ဆရာတော် မဟာသဒ္ဓမဇောတိက ဘဒ္ဒန္တဇာဂရ (ဆိုင်မိန်းကျောင်းတိုက်ဆရာတော်) တို့မှ ကြီးကြပ်လျက်ရှိပြီး စာဖြေသာမဏေ၊ သီလ ရှင်နှင့် လူပုဂ္ဂိုလ်များမှ ဝိနည်း၊ သုတ္တန်၊ ရှမ်းစာပေ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ မြန်မာစာ၊ ပါဠိ ၊ အဘိဓမ္မာနှင့် ရေးဖြေ(အာဂုံ) ဘာသာရပ်များအား ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၂ ရက်ထိ နေ့စဉ် နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)