ပင်လုံ၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပင်လုံတက္ကသိုလ် (၂၃)နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ပင်လုံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ယခုလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် စာတမ်းရှင်များ တက်ရောက်ခဲ့သည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်း(၂၈)စောင်ကို တင်သွင်းဖတ်ကြားပြီး အကောင်းဆုံးဝိဇ္ဇာ၊ သိပ္ပံသုတေသနဆု ရရှိသူများကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment