ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းမှုအပေါ် အဖွဲ့အစည်းအသီးသီးက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းမှုအပေါ် အဖွဲ့အစည်းအသီးသီးက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာ








နေပြည်တော်၊ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန် တက္ကသိုလ်က ဖေဖော်ဝါရီ ၅ ရက်တွင် အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ဂုဏ်ထူး ဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)ကို ချီးမြှင့်အပ်နှင်းခဲ့ရာ ထိုသို့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရရှိမှုအပေါ် အဖွဲ့အစည်းအသီးသီးက အထူးဂုဏ်ယူဝမ်း မြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များကို ယနေ့တွင် ထုတ်ပြန်ကြေညာကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များနှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ထိုသို့ ထူးကဲသော ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်က ချီးမြှင့် ပေးအပ်သည့် ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) အိန္ဒိယချစ်ကြည်ရေးအသင်း၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုအသင်း၊ မြန်မာ-ကိုရီးယားချစ်ကြည်ရေးအသင်း၊ မြန်မာ-ထိုင်း ချစ်ကြည် ရေးအသင်းနှင့် မြန်မာ-လာအိုချစ်ကြည်ရေးအသင်းတို့က အထူးဂုဏ်ယူဝမ်းမြောက် ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)